
ရွှေတိဂုံစေတီတော်တွင် ရွှေပြားကပ်လှူရန် ရွှေတစ်ကျပ်သားလျှင် ကျပ်နှစ်သိန်းခန့် ဈေး နှုန်းတိုးမြှင့်သတ်မှတ်လိုက်သော် လည်း လာရောက် လှူဒါန်းသူ လျော့နည်းမသွားကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ သ တင်းရရှိသည်။ ယခင်က ရွှေတစ်ကျပ်သား လှူဒါန်းမှုအတွက် ၆၁၀,၀၀၀ ကျပ် ကောက်ခံခဲ့သော်လည်း ရွှေဈေး နှုန်းတက်လာ၍ ၂၀၁၇ ဇန်နဝါရီ ၁ရက်မှ စတင်ကာ ရွှေတစ်ကျပ် သားလျှင် ၈၁၀,၀၀၀ ကျပ် နှုန်းဖြင့် ဈေးနှုန်း ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း ရွှေတိဂုံစေတီဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျပ် ခြောက်သိန်းတစ် သောင်းနှုန်းဖြင့် ရွှေပြားလှူဒါန်းမှု ကို ဒီဇင်ဘာ ၃၁ ရက်အထိ ခွင့်ပြု ခဲ့သည့်အတွက် အဆိုပါလအ တွင်း လာရောက်လှူဒါန်းမှုသည် အခြားလများထက် အနည်းငယ် များပြားခဲ့ပြီး ငါးနှစ်လျှင် ရွှေပြား တစ်သောင်းကျော် အလှူခံရရှိ ကြောင်း ရွှေတိဂုံစေတီဂေါပက အဖွဲ့မှူးရုံးမှ ဦးထွန်းအောင်ငွေက ပြောသည်။
ရွှေတိဂုံစေတီတော်သို့ ခုနစ် ရက်သားသမီးများ လှူဒါန်းငွေ ကုဋေငါးထောင့်ငါးရာကျော်ကို ဘဏ်တွင် အပ်နှံထားပြီး ရရှိထား သည့် အလှူငွေများကို ဘက်စုံ ပြုပြင်ရန်နှင့် စီမံခန့်ခွဲမှုအတွက် မျှဝေသုံးစွဲသည်ဟု ဆိုသည်။ ‘‘ဘုရားကြီးပြုပြင်တဲ့အခါ လိုအပ်ငွေကို ခုနစ်ရက်သားသမီး တွေ လှူတဲ့ငွေနဲ့ အသုံးပြုပါတယ်။ ဘုရားမှာ ဖွင့်တဲ့ ဈေးဆိုင်တွေရတဲ့ ငွေကို ရုံးအဖွဲ့လစာကုန်ကျစရိတ် အတွက် သုံးပါတယ်’’ ဟု ဦးထွန်း အောင်ငွေက ပြောသည်။
Credit : 7daydaily
comment