1. Home
  2. Special or Others

ဒုတိယကမ္ဘာစစ်က ဂျပန်ရတာနာသိုက် ဖိလစ်ပိုင်တွင် တူးဖော်တွေ့ရှိ

Special or Others ม.ค. 11, 2560 view 2,036
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်သားများသည် ဖိလစ်ပိုင်တွင် ဝှက်ထားခဲ့သော ရွှေများကို ရတနာသိုက် ရှာဖွေသူများက ပြန်လည်ရှာဖွေ တွေ့ရှိပြီဖြစ်ကြောင်း သိရှိရသည်။ ယာမာရှီတာရတနာသိုက်ဟုလူသိများပြီး ဂျပန်စစ်တပ်က မတရားလုယက်သိမ်းပိုက်လာခဲ့သည့် ဒေါ်လာဘီလျံနှင့်ချီ တန်ဖိုးရှိသော ရွှေချောင်းများနှင့် ကျောက်မျက်ရတနာများ ရှိနေသည်ဟု ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ခန့်မှန်းပြောဆို မှုများရှိနေခဲ့ခြင်းဖြစ်သည်။ 
 
၁၉၄၅ ခုနှစ် လက်နက်ချအညံ့မခံမီတွင် ဂျပန်စစ်တပ်သည် ဖိလစ်ပိုင်ရှိ မြေအောက်ဥမင်နှင့် လိုဏ်ဂူပေါင်း ၁၄၅ ခုကျော်၌ ရတနာပစ္စည်းများကို သိုဝှက်သိမ်းဆည်းထားခဲ့သည်ဟု သတင်းများထွက်ပေါ်နေခဲ့ပြီး ၎င်းရတနာများသည် ၁၉၄၄ ခုနှစ် က ဖိလစ်ပိုင်ရှိ ဂျပန်စစ်တပ်၏အကြီးအကဲဖြစ်သောဗိုလ်ချုပ်တိုမိုယူကီယာမာရှီတာ၏အမိန့်ဖြင့် ဂျပန်စစ်သားများက လုယက်ခဲ့ကြသည့်ရတနာများဖြစ်သည်။ 
 
 
ရွှေချောင်းများနှင့် တန်ဖိုးကြီးလက်ဝတ်ရတနာများ ပါဝင်သည်ဟု ခိုင်လုံသည့်သက်သေအထောက်အထားမရှိသော်လည်း ဗီဒီယိုဖိုင်တစ်ခုကြောင့် ယခုအခါ ရတနာသိုက်ကို ရှာဖွေတွေ့ရှိပြီဟု သတင်းများထွက်ပေါ်လာခဲ့သည်။ အဆိုပါ ဗီဒီယိုထဲတွင် လူတစ်စုက ဖိလစ်ပိုင်ရှိ ရေများပြည့်နေသောလိုဏ်ဂူတစ်ခုထဲတွင် တူးဖော်မှုများပြုလုပ်ခဲ့ပြီး ရွှေချောင်းများ ထွက်ပေါ်လာသည်ကို မြင်တွေ့ခဲ့ရသည်။ မနုဿဗေဒပညာရှင် ပီးယားစ်ကယ်လီက ရတနာသိုက်နှင့်ပတ်သက်သော ပြောဆိုမှုများသည် ကောလာဟလများသာဖြစ်ပြီး အမှန်တကယ်မဟုတ်နိုင်ကြောင်း ဆိုခဲ့သည်ဟု သိရသည်။
 
 


Follow us on