1. Home
  2. Special or Others

မျိုးချစ်စိတ်ပြင်းထန်လွန်းသည့် ကချင်မလေးရဲ့ အွန်လိုင်းမှ ရာဇသံဗီဒီယိုဖိုင် လူပြောများနေ

Special or Others ม.ค. 11, 2560 view 1,709
ကချင်အမျိုးသမီးငယ်လေးရဲ့ ရင်ထဲက ပွင့်ထွက်လာတဲ့ ခံစားချက်တွေကို ဗီဒီယိုရုပ်သံနဲ့ ပြောဆိုတာတဲ့ ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းမှာ ကြည့်ရှုဝေဖန်မှုတွေများခဲ့ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ထူထောင်ဖို့ အားလုံးပါဝင်ဆောင်ရွက်နေကြစဉ် ကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် ထိခိုက်ခံစားနေရတဲ့ သူမရဲ့ ဒေါသဟာ အစွမ်းကုန်ပေါက်ကွဲခဲ့ပါတယ်။ သို့ပေမယ့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ အတူတစ်ကွ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးတွေမို့ သူမရဲ့ အပြောအဆိုတွေကို စိတ်ဆိုးရမည့်အစား ဂရုဏာသက် စာနာနားလည်ပြီး ဆက်လက်ချစ်ခင်နေကြသူများလည်း အများကြီးရှိနေပါတယ်။ 
 
စစ်ပွဲရဲ့ ဆိုးကျိုးတွေကို မလိုလားကြတဲ့ သူချင်းတူကြသူမို့ နားလည်ပေးနိုင်ကြတယ်လို့ ထင်မိပါတယ်။ မြန်မာနိုင်ငံမှာ စစ်ပွဲအားလုံး နိဂုံးချုပ်သွားမယ့်နေ့ကို နိုင်ငံသူနိုင်ငံသားအားလုံးက မျှော်လင့်နေကြဆဲပါ..။ စစ်ပွဲများ မြန်မြန်အဆုံးသတ်နိုင်ပါစေ..။ 


Follow us on