1. Home
  2. Special or Others

ကလေးနားမှာ အရိပ်လိုလို အမြဲရှိနေတဲ့....?

Special or Others ม.ค. 11, 2560 view 1,641
Insdious ဆိုသည့် နာမည်ကြီးရုပ်ရှင်ဇာတ်ကားဟာ တစ်ယောက်ထဲ မကြည့်ရဲတဲ့ သရဲကားအဖြစ် ထင်ရှားပြီး အဆိုပါဇာတ်ကားတွင် နာနာဘာဝ မကောင်းဆိုးဝါးက ကလေးအနားမှာ တဝဲလည်လည်နဲ့နေရင်း အခွင့်အရေးရတာနဲ့ ကလေးကို သူတို့ရဲ့ အမှောင်ဖက်ခြမ်းကို ဖမ်းခေါ်ယူသွားကြပုံကို ရိုက်ကူးတင်ဆက်ထားတဲ့  ခြောက်ခြားစရာ ဇာတ်ကားဖြစ်ပါတယ်။ 
 
အဲဒီဇာတ်ကားထက် ပိုပြီးကြောက်စရာကောင်းတဲ့ ဖြစ်ရပ်မှန် ဗီဒီယိုတစ်ခု အွန်လိုင်းမှာ နာမည်ကြီးနေပါတယ်။ အသက် ၃ နှစ်ဝန်းကျင်လို့ ခန့်မှန်းရတဲ့ ကလေးမလေးတစ်ယောက်က တစ်နေ့မှာ သူ့အဖေကိုပြောပါတယ် "ဖေဖေ.. သမီးအနားမှာ တစ်ယောက်ယောက်က အမြဲရှိနေသလိုပဲ" ဒီစကားကြားလိုက်ရတော့ ဖခင်ဖြစ်သူက သမီးကို ချော့မော့ပြီး "သမီးလေး စိတ်ထင်လို့နေမှာပါကွယ်" လို့ နှစ်သိမ့်ခဲ့ပါတယ်။ ပထမတော့ ပေါ့ပေါ့ပဲထားခဲ့ပေမယ့် နောက်ပိုင်းမှာလဲ သမီးငယ်က ထပ်ခါထပ်ခါ ဒီလိုပဲ ပြောလာတဲ့အခါမှာတော့ သမီးကို သိပ်ချစ်တဲ့ ဖခင်တစ်ယောက်အနေနဲ့ သူဘာလုပ်ရမယ်ဆိုတာ ကောင်းကောင်းသိသွားပါတယ်။ 
ဒါနဲ့ပဲ စီစီတီဗီတွေ တစ်အိမ်လုံးမှာ တပ်ဆင်လိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့သမီးလေး တစ်ယောက်ထဲ ရှိနေချိန်တွေမှာ ဘာဖြစ်မလဲလို့ စောင့်ကြည့်နေခဲ့ပါတယ်။ စီစီတီဗီက ဗီဒီယိုတွေကို သူပြန်ကြည့်လိုက်ချိန်မှာတော့.... 
 
ခြောက်ခြားစရာမြင်ကွင်းများ ပါဝင်ပါသဖြင့် ကြည့်ရှုသူများ ဆင်ခြင်သင့်ပါသည်။


Follow us on