1. Home
  2. Movie Stars - Celebrity

သရုပ်ဆောင်သက်တန်း ၁၀ နှစ်ပြည့် မှာ ပရိသတ်နဲ့တွေ့မယ့် Lee Min Ho

Movie Stars - Celebrity ม.ค. 11, 2560 view 1,710

တောင်ကိုရီးယားသရုပ်ဆောင်မင်းသားချော လီမင်ဟိုဟာ သရုပ်ဆောင်လောကထဲကို ဝင်တာ ၁၀ နှစ်တောင် ရှိသွားပါပြီ ။ အဲဒီအတွက် ပရိသတ်နဲ့ တွေ့ဆုံပွဲ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ချစ်သူ ဆူဇီနဲ့လည်း လက်ထပ်တော့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ "The Originality of Lee Min Ho" လို့ အမည်ပေးထားတဲ့ ယင်းတွေ့ဆုံပွဲကို Kyung Hee တက္ကသိုလ် Grand Peace ခန်းမမှာ ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၆ နာရီနဲ့ ဖေဖော်ဝါရီလ ၁၉ ရက် ညနေ ၄ နာရီတို့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Min ho ဟာ စစ်မှုမထမ်းခင်မှာလည်း သူ့ရဲ့ချစ်သူ ဆူဇီနဲ့ လက်ထပ်မယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ လီမင်ဟိုရော ဆူဇီမှာ အလုပ်တွေ များလွန်းတဲ့အတွက် လက်ထပ်ဖို့ နှောင့်နှေးနေရပေမဲ့လည်း မကြာခင်မှာတော့ လက်တွဲဖို့ အဆင်ပြေနိုင်အောင် ဖန်တီးနိုင်လိမ့်မယ်လို့ ပရိသတ်တွေက ယူဆထားပါတယ်။ တောင်ကိုရီးယားမှာာ စစ်မှုထမ်းဖို့လည်း လိုအပ်နေသေးတဲ့ လီမင်ဟိုဟာ ဘယ်အချိန်မှာ စစ်မှုထမ်းမယ်လို့တော့ မသိရသေးပါဘူး။ ဆူဇီနဲ့ လက်ထပ်ပြီး နောက်နှစ်ထဲမှာမှ စစ်မှုထမ်းမယ်လို့ ဆုံးဖြတ်ထားပုံပါပဲ။

Credit:Duwun



Follow us on