1. Home
  2. Movie Stars - Celebrity

ဖေဖော်ဝါရီ မှာ မင်္ဂလာဆောင်တော့ မယ့် မြင့်မြတ်

Movie Stars - Celebrity ม.ค. 12, 2560 view 1,767

ရုပ်ရှင်သရုပ်ဆောင် မြင့် မြတ် တို့ အတွဲ ဟာ အများအားကျရတဲ့ အတွဲ တစ်တွဲ လဲ ဖြစ်ပါတယ်။ အခုဆိုရင် မင်္ဂလာပွဲ ကျင်းပဖို့ စီစဉ်နေကြပြီလဲ ဖြစ်ပါတယ်။ မင်္ဂလာဆောင်ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ လုပ်မယ်လို့ ပြောထားပါတယ် ။ ရန်ကုန် ၊ မန္တလေး မြို့တွေမှာ ပြုလုပ်မှာ ဖြစ်ပြီးစုစုပေါင်း မင်္ဂလာပွဲ ၃ ပွဲ ပြုလုပ်မှာဖြစ်ပါတယ် ။ ရန်ကုန်မှာ ပြုလုပ် မယ့် မင်္ဂလာ ဧည့်ခံပွဲ့ကို နိုဗိုတယ်ဟိုတယ် မှာ ပြုလုပ်မှာ မင်္ဂလာ ညစာစားပွဲကို အင်းယားလိတ် ဟိုတယ်မှာ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ် ။ မင်္ဂလာပွဲ အသေးစိတ် အစီအစဉ်ကို အခုထဲက ပြင်ဆင်နေပါပြီလို့ မြင့် မြတ် က ပြောထားပါတယ်။

ချစ်သူဘ၀ထည်းက တစ်ယောက်နဲ့ တစ်ယောက် အတတ်နိုင်ဆုံး နားလည်မှု ရှိအောင် ကြိုးစားတယ် အိမ်ထောင်ကျသွားပြီးရင်လဲ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုရှိရှိနေထိုင်သွား ကြမယ်လို့ တိုင်ပင် ထားကြပါတယ် ။အိမ်ထောင် တခုမှာ အဓိက ကတော့ နားလည်မှုရှိဖို့ က အရေးကြီးဆုံးလို့ ကျွန်တော်ထင်တယ်လို့ မြင့် မြတ် ကပြောထားပါသေးတယ် ။

အကယ်ဒမီရင်ခုန်သံဆိုရင်တော့ ဒီနှစ်ထဲ ရိုက်ထားတဲ့ ဇာတ်ကားလေး အကယ်ဒမီစာရင်းဝင် တယ်။ ပရိသတ်တွေကလည်း အကယ်ဒမီနဲ့ပတ်သက်ပြီးတော့ မှန်း ပေးကြတာကို ကျေးဇူးတင်ပါတယ်။ အကယ်ဒမီရခြင်း၊ မရခြင်းက တော့ ကျွန်တော့်ရဲ့ကံတရားအပေါ်မှာပဲ မူတည်ပါတယ် လို့ လဲ ပြောသွားခဲ့ ပါတယ် ။

Credit:yangon media group



Follow us on