1. Home
  2. Special or Others

၁၂ နှစ်အရွယ် မိန်းကလေး ဖေ့စ်ဘုတ်ဗီဒီယို တိုက်ရိုက်လွှင့်၍ မိမိကိုယ်ကိုယ် အဆုံးစီရင်

Special or Others ม.ค. 12, 2560 view 2,417
အမေရိကန်နိုင်ငံ ဂျော်ဂျီယာမှ အသက် ၁၂ နှစ်အရွယ် “ကေတီလင် နီကိုးလ် ဒါဗစ်” ဆိုသူ မိန်းကလေးဟာ အမည်မဖော်ပြခဲ့တဲ့ သူမရဲ့ မိသားစုဝင်တစ်ဦးက သူမအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တာကြောင့် စိတ်ဒဏ်ရာရကာ ဒီဇင်ဘာလ ၃၀ ရက်နေ့က သူမရဲ့ နေအိမ် ခြံဝင်းအတွင်းမှာ ကြိုးဆွဲချသေဆုံးခဲ့ပါတယ်။
 
 
သူမဟာ ကိုယ့်ကိုယ်ကို အဆုံးမစီရင်မီ ဖေ့စ်ဘုတ် တိုက်ရိုက်ထုတ်လွှင့် ဗီဒီယိုကနေ လွှင့်တင်နေပြီး ကိုယ်တိုင်သစ်ပင်ပေါ်တက်ကာ ကြိုးကွင်းစီရင်နေပုံတွေကအစ တောက်လျှောက် လွှင့်နေခဲ့ပါတယ်။ သူမရဲ့ နောက်ဆုံးအချိန်မှာ သူငယ်ချင်းများကို နှုတ်ဆက်ကာ အခုလိုလုပ်ရတဲ့အတွက် ဝမ်းနည်းကြောင်းတောင်းပန်ခဲ့ပါတယ်။ 
 
အဆိုပါဗီဒီယိုဟာ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီး ၄၃ မိနစ်ခန့်ကြာမြင့်ခဲ့သော်လည်း ၂၁ မိနစ် ၃၀ စက္ကန့်အချိန်မှာ သူမဟာ ကြိုးကွင်းစွပ် ခုန်ဆင်းကာ အဆုံးစီရင်သွားခဲ့ပါတယ်။ 
 
ကာမဘီလူးတွေရဲ့ မိနစ်ပိုင်းမျှ စိတ်အဆာဖြေမှုဟာ အပြစ်မဲ့တဲ့ မိန်းကလေးတွေရဲ့ အသက် ဒါမှမဟုတ် ဘဝတစ်ခုလုံးကို အရိပ်ဆိုးကြီးလို ခြောက်လှန့်နေစေပါတယ်။ ဒီအရိပ်ဆိုးကြီးကို မခံနိုင်လို့ အခုလို အဆုံးစီရင်သွားကြတဲ့ မိန်းကလေးတွေ ဘယ်လောက်တောင် များနေပြီလဲ..? နောက်ထပ် ဘယ်လောက် ရှိလာကြဦးမည်လဲ…? မတွေးဝံ့တော့ပါ..။ ဆင်ခြင်နိုင်ကြပါစေ။
 
 
Source:DailyMail


Follow us on