1. Home
  2. Special or Others

အွန်လိုင်းကနေ နည်းအမျိုးမျိုး အသုံးပြုပြီးလိမ်လည်လာကြ

Special or Others ม.ค. 12, 2560 view 1,550

အွန်လိုင်းကနေလိမ်လည်နည်းအမျိုးမျိုးကိုအသုံးပြုပြီး လိမ်လာတာတွေက အခုဆိုရင်ပိုပြီးများပြားလာပါ တယ်။ အွန်လိုင်းရှော့ပင်းပြုလုပ်သူတွေကလိမ်တာတွေရှိသလို တခြားအွန်လိုင်းအသုံးပြုသူတွေ ကနည်းအမျိုးမျိုးအသုံးပြုပြီးလိမ်ကြ တာပါ။ အွန်လိုင်းရှော့ပင်းပြုလုပ်သူတွေကတော့ မှာယူသူတွေကို ငွေအရင်လွှဲခိုင်းပြီး ပစ္စည်းမပို့ဘဲငွေလိမ်ယူကြတာပါ။ တခြားလိမ်လည်သူတွေကတော့ လက်ကားပေးတဲ့ဂရု(ပ်)တွေဖွဲ့ခိုင်းပြီး ဂရု(ပ်)မှာ အပြင်မှာတောင်မရနိုင်တဲ့ဈေးနှုန်းတွေနဲ့ရောင်းချပါတယ်။ ငွေကိုအရင်ကြိုလွှဲခိုင်းထားတာပါ။

သည်လိုမျိုးငွေကြိုလွှဲခိုင်းသူတွေအားလုံးလွှဲတဲ့ငွေတွေကိုယူပြီးတော့ပစ္စည်းမပို့ဘဲ လိမ် လည်တာဖြစ်ပါတယ်။ အွန်လိုင်းမှာ အလိမ်ခံရသူတွေငွေလိမ်ခံရရင်လည်း အနည်းငယ်သာပါတတ်ကြတာကြောင့် တိုင်ကြားသူနည်း    ပါးပါတယ် ။ နောက်ထပ် လိမ်လည်သူတွေကတော့ ငွေစုပြီးချေးလို့ရတယ်ဆိုပြီး ဂရု(ပ်)တွေဖွဲ့ခိုင်းပြီး ငွေလိုသလောက်ချေးပေးမယ်ဆိုပြီးလိမ်ကြ တာပါ။

သူတို့တွေလိမ်လည်တဲ့ ပုံစံကပိုက်ဆံချေးချင်တယ်ဆိုရင် မှတ်ပုံတင်တောင်းတာတွေအပြင် ငွေတစ်သိန်းချေးချင်တယ်ဆိုရင် ငွေ ၁၀,ဝ၀ဝ စပေါ်ပေးရမယ်ဆိုပြီးတောင်းကြပါတယ်။ စပေါ်ငွေတွေလွှဲပြီးသွားတဲ့အချိန်ကျတော့ အကောင့်ဖျက်လိုက်ကြပါတယ်။ လိမ်လည်သူတွေကအဖွဲ့ လိုက်လိမ်ကြတာပါ။ ကုမ္မဏီက ပိုက်ဆံတွေကို သူဌေးကချေးပေးတာဆိုပြီးလိမ်လည်ကြတာပါ။ လိမ် သူတွေက နည်းအမျိုးမျိုးကိုသုံးပြီးလိမ်နေတာကြောင့် အလိမ်မခံရအောင်သတိထားရမှာ ဖြစ်ပါတယ်။

Credit : kumudranews



Follow us on