1. Home
  2. Myanmar News

ရန်ကုန်ဘတ်စ်၏ နောက်ဆုံးသတင်းများ

Myanmar News ม.ค. 13, 2560 view 1,570
ဇန်နဝါရီ ၁၆ (တနင်္လာနေ့)တွင် စတင်ပြေဆွဲတော့မည့် ရန်ကုန်မြို့ ဘတ်စ်ကားစနစ် အသစ်နှင့် ပက်သက်သော နောက်ဆုံးရသတင်းများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
 
ယာဉ်လိုင်းအသစ်တစ်ခု ထပ်တိုးခြင်း
 
အများပြည်သူ ကျောင်းသားကျောင်းသူများ၏ တောင်းဆိုချက်အရ ခရီးသွားလွယ်ကူချောမွေ့ရန် အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှ မြို့တွင်း ဆူးလေ အထိ ပြေးဆွဲပေးမည့် ယာဉ်လိုင်း အမှတ် (၆၁) ကို ထပ်မံတိုးချဲ့ပြေးဆွဲမည်ဖြစ်သည်။ 
 
 
ကားမှတ်တိုင်များတွင် ဆိုင်ဘုတ်များ တပ်ဆင်လျှက်ရှိ
 
မော်တော်ယာဉ်လိုင်းနံပါတ်နှင့် ခရီးစဉ်များကို ဖော်ပြထားသည့် ဆိုင်းဘုတ်များ ရန်ကုန်မြို့ရှိ ကားမှတ်တိုင်များတွင် တပ်ဆင်လျှက်ရှိကြောင်း သါရှိရသည်။
 
 
 
လက်ကမ်းစာစောင်နှင့် မြေပုံများ ဝေငှမည်
 
ဘတ်စ်ကားလိုင်း နံပါတ်များနှင့် ခရီးစဉ်အချက်အလက်များ ပါရှိသည့် လက်ကမ်းစာစောင်နှင့် မြေပုံများကို ဇန်နဝါရီ ၁၄ရက်၊ ၁၅ရက်များတွင် အများပြည်သူအတွက် လုံလုံလောက်လောက် ဖြစ်အောင် ဝေငှသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 
 
 
 
အရေးပေါ်ခေါ်ဆို အကူညီတောင်းနိုင်မည့် Hotline နံပါတ်များ
 
ဘတ်စ်ကားလမ်းကြောင်းနှင့် ပက်သက်၍ မိမိသွားလိုသည့် ခရီးစဉ်အတွက် အခက်အခဲ ဖြစ်နေပါက အခမဲ့ခေါ်ဆိုနိုင်သည့် Hotline တစ်ခုကို ပြင်ဆင်ထားကြောင်း သိရှိရသည်။ ယာဉ်လမ်းကြောင်းနှင့် ပက်သက်ပြီး အကူအညီ ရယူလိုပါက ဖုန်းနံပါတ် “၁၈၈၁” ကို ခေါ်ဆိုပြီး လိုင်းခွဲနံပါတ် “၂” ကိုနှိပ်ပါက ပြန်လည်၍ ကူညီဖြေကြားပါလိမ့်မည်။
 
 
 
ယာဉ်ပိုင်ရှင်များအတွက် စတေကာများ ဖြန့်ဝေပေးထားခြင်း
 
ယာဉ်လိုင်းစနစ်အသစ်တွင် ပါဝင်ပြေးဆွဲခွင့်ရမည့် မော်တော်ယာဉ်များတွင် တပ်ဆင်ရန် ယာဉ်လိုင်းနံပါတ် စတေကာများကို ပုံနှိပ်ထုတ်ယူနိုင်ရန် အွန်လိုင်းမှတစ်ဆင့် ဤနေရာတွင် download ရယူပြီး တပ်ဆင်နိုင်ရန် ထုတ်ပေးထားပြီးဖြစ်သည်။
 
 
 
ခရီးသွားလုပ်ငန်း လုပ်ကိုင်သူအချို့က အခမဲ့ပူးဆောင်ရွက် ပြေးဆွဲမည်
 
ခရီးသွားလုပ်ငန်းရှင် အချို့က ဘတ်ကားလိုင်း စနစ်အသစ် စတင်ပြေဆွဲမည့် ဇန်နဝါရီ ၁၆ရက် နှင့် ၁၇ရက် နှစ်ရက်အတွက် ခရီးသွားပြည်သူများ အသားမကျသေးသော ယာဉ်လိုင်း အသစ်များကြောင့် ရုံးသွား ရုံပြန်အခက်အခဲမဖြစ်စေရန် Tour Car Express, Mini Bus, အန်စာတုံးကားများနှင့်  အခမဲ့ကူညီပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သူတို့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြထားခဲ့ပြီး ပါဝင်ကူညီပူးပေါင်းလိုသူများကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။
 
 
 
ဆက်သွယ်လိုပါက:
 
- Car Rental Information Group (ကိုဝင်းထွန်းနွဲ့ဦး) ဖုန်း- 09450203574 
- Khin Thawtar Lin (Facebook)
 

 



Follow us on