ဇန်နဝါရီ ၁၅ ရက်နေ့တွင် မထသ ကိုအပြီးတိုင်ဖျက်သိမ်းပစ်ပြီး ရန်ကုန်မြို့၏ ခရီးသည်တင်မော်တော်ယာဉ်လိုင်းကို ရန်ကုန်တိုင်းဒေသကြီး၊ အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့၏အုပ်ချုပ်မှုအောက်တွင်သာ ထားရှိတော့မည်ဖြစ်သဖြင့် မထသ၏ လက်ရှိဝန်ထမ်းများက သူတို့၏ အလုပ်အကိုင်နေရာအတွက် စိုးရိမ်ပူပန်လျှက်ရှိကြသည်။
မထသ ဝန်ထမ်းများအား အများပိုင်ဘတ်စ်ကားကုမ္ပဏီများတွင် ဇန်နဝါရီ ၁၀ ရက်နေ့ နောက့ဆုံးထားကာ အလုပ်လျှောက်လွှာများတင်ရန် ညွှန်ကြားချက်အရ တင်ထားခဲ့ကြသော်လည်း အလုပ်ပြန်လည် ခန့်ထားခံရခြင်း ရှိမရှိနှင့် ရာထူး၊ လစာ အစရှိသည်တို့ကို ဘာမှ မသိရှိရသည့်အတွက် ဇန်နဝါရီ ၁၆ ရက်ဆိုရင် အလုပ်ပြုတ်ပြီလားဟု စိုးရိမ်နေမိကြောင်း မထသ ဒုလကထောက်ဌါနမှူး ဦးခင်မောင်လင်းက ပြောပြခဲ့ပါတယ်။ိ
အများပိုင်ကုမ္ပဏီက တာဝန်ယူမယ့် ဘတ်စ်ကားလိုင်းစနစ်ကို ကျွန်တော်တို့လည်း သဘောကျတယ်။ စိုးရိမ်တာက အလုပ်ပြန်ခန့်မယ့်ကိစ္စပါ၊ ဇန်နဝါရီ ၁၀ ရက်နောက်ဆုံးထားပြီး ဖောင်တင်ခိုင်းထားတယ်၊ မလျှောက်ခဲ့ရင် ကျွန်တော်တို့ အပြစ်ဖြစ်မယ်၊ ဒီတော့အားလုံးဆောင်တင်လိုက်တယ်၊ ဖောင်က လိုအပ်ချက်ရှိတယ်၊ အမည်၊ ရာထူး၊ လစာ၊ လုပ်သက်၊ လိပ်စာပါတယ်၊ မျှော်မှန်းလစာမပါဘူး။ ဘယ်လိုလစာရမလဲ၊ ဘာရာထူးရမလဲ၊ ဘာတာဝန်ထမ်းရမလဲ၊ ဦးရေဘယ်လောက် ခန့်ထားပေးမလဲ၊ ဘယ်လိုအရည်အချင်းတွေရှိရမလဲ၊ ကျွန်တော်တို့သိချင်တယ်၊ ဌါနက ဘယ်သူ့ကိုမှ မေးမရဘူး။ ဇန်နဝါရီ ၁၆ ရက်ဆို ပယ်ဖျက်တော့မယ်။ အလုပ်ပြုတ်ပြီလား၊ နားရမလား၊ ဘာလုပ်ရမလဲဆိုတဲ့ စိုးရိမ်စိတ်ရှိပါတယ်။
ဟု ပြောကြားခဲ့သည်။
မထသ တွင် ဝန်ထမ်းအဆင့် ၁၀ ဆင့်ရှိပြီး အဆင့် ၁၀ ကနေ့စား၊ အဆင့်ကိုးနှင့် ရှစ်က အချိန်မှူး၊ အဆင့် ခုနှစ်က ဂိတ်မှူးများဖြစ်ကြပြီး သက်ဆိုင်ရာ ရာထူးကို ထမ်းဆောင်နေကြသူများအား မူလရာထူး၊ လစာနှင့် ကိုက်ညီသော နေရာကို ပြန်ရပါ့မလား၊ အလုပ်ပြုတ်ပြီလားဆိုတာကို မိသားစုများကပါ ပူပန်နေကြတဲ့အတွက် ရှင်းလင်းစွာ သိချင်ကြောင်း အနောက်ပိုင်းခရိုင် မထသ ဒုလက်ထောက်ဌါနမှူး ဦးဇော်လင်းထွန်းက ပြောကြားခဲ့သည်။
source:မြန်မာ့အလင်း