1. Home
  2. Myanmar News

ဘတ်စ်ကားစနစ်ပြုပြင်ပြီးစီးပါက နောက် ၃ လအကြာတွင် တက္ကစီများအား ကိုင်တွယ်ကြပ်မတ်မည်

Myanmar News ม.ค. 13, 2560 view 1,506
ရန်ကုန်မြို့၏ ဘတ်စ်ကား သယ်ယူပို့ဆောင်ရေးစနစ် ပြုပြင်ဆောင်ရွက်ပြီးပါက မြို့တော်အတွင်းပြေးဆွဲနေသော စီးတီးတက္ကစီ အငှားယာဉ်များအား ကြပ်မတ်ကိုင်တွယ်နိုင်ရန် စစ်တမ်းများကောက်ယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သတင်းရရှိသည်။
 
ဘတ်စ်ကားစနစ် ပြုပြင်ပြောင်းလဲရေးက သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ရဲ့ ဦးဆုံးဆောင်ရွက်ချက်ပါ။ အများပြည်သူပို့ဆောင်ရေးကို အဓိကထားပြီး ကောင်းမွန်အောင် ပြုပြင်သွားရမှာပါ။ ဆက်လက်ပြီး တက္ကစီတွေကို ကြပ်မတ်ကိုင်တွယ်သွားမှာပါ။ စစ်တမ်းကောက်ယူပြီး စနစ်တကျနဲ့လုပ်ပြီးရင် ဂျီပီအက်စ်စနစ်တွေ၊ မီတာစနစ်တွေ လုပ်သွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
 
 ၂၀၁၀ ခုနှစ် စီးတီးတက္ကစီ ကြီးကြပ်ရေးကော်မတီ၏ စစ်တမ်းအရ တက္ကစီ အစီးရေ ၂၅,၀၀၀ ခန့်ရှိကြောင်း သိရှိရသော်လည်း လက်ရှိတွင် အစီးရေများ ပိုမိုတိုးမြင့်နေကြောင်းသိရှိရသည်။ ရန်ကုန်ဘတ်စ်ကားစနစ် ချောမွေအောင် ဆောင်ရွက်ပြီး နောက်ထပ် သုံးလအကြာတွင် စီးတီးတက္ကစီများအား ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
 
source:မြန်မာ့အလင်း


Follow us on