
Myanmar National Tele & Communication ကုမ္ပဏီသည်အများပိုင်ကုမ္ပဏီ ၁၁ ခုပူးပေါင်း ထားသော Myanmar National Telecom Holding Public Limited၊ အစိုးရအစုရှယ်ယာ ကို ကိုယ်စားပြုသည့် Star High ကုမ္ပဏီနှင့် ဗီယက်နမ်ဆက်သွယ် ရေးကုမ္ပဏီ Viettel တို့ ပူးပေါင်း ဖွဲ့စည်းထားခြင်းဖြစ်သည်။ စတုတ္ထမြောက်ဆက်သွယ် ရေးအော်ပရေတာသည် အခြား ဆက်သွယ်ရေးအော်ပရေတာ များအတိုင်း ၁၅ နှစ်ကြာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ကိုင် ခွင့်အတွက် လိုင်စင်ကြေး အမေ ရိကန်ဒေါ်လာ သန်း ၃၀၀ နှင့် အာမခံကြေးအမေရိကန်ဒေါ်လာ သန်း၂၀၀ ကို အစိုးရထံ ပေးသွင်း ခြင်းဖြင့် လိုင်စင်ရယူခြင်းဖြစ် သည်။
စတုတ္ထမြောက်ဆက်သွယ် ရေးအော်ပရေတာအတွက် ၀၉၆ ဖြင့်စသော မိုဘိုင်းနံပါတ်များ ခွင့်ပြုပေးမည်ဟု ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ကြေညာထားပြီး ၀န်ဆောင်မှုလုပ်ငန်းများ အား လိုင်စင်ရရှိပြီး တစ်နှစ်အ ကြာ၌ ပေးအပ်နိုင်မည်ဟုလည်း ခန့်မှန်းထားသည်။ ‘‘ကျွန်တော်တို့ ကျေးလက် ဒေသကို အဓိကထားမယ်’’ဟု စတုတ္ထမြောက်ဆက်သွယ်ရေး အော်ပရေတာ အမှုဆောင်အရာ ရှိချုပ် ဦးဇော်မင်းဦးက ပြောသည်။
စတုတ္ထမြောက်ဆက်သွယ်ရေး အော်ပရေတာသည် ကွန်ရက် တည်ဆောက်ပြီးဖြစ်သည့် တာဝါများနှင့် ဖိုက်ဘာလိုင်းများ ငှားရမ်းအသုံးပြု၍ အမြန်ဆုံးဝန်ဆောင် မှုပေးအပ်မည်ဟု သတင်းထုတ် ပြန်ထားပြီး လက်ရှိဝန်ဆောင်မှု ပေးအပ်သော MECTel ဖုန်းလိုင်းများကိုလည်း အော်ပရေတာလက်အောက်သို့ ထည့်သွင်းမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ဆက်သွယ်ရေး ကဏ္ဍ၌ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် အဆိုပါကုမ္ပဏီကို Myanmar National Tele-com Holding Public Limitedက ၂၃ ရာခိုင်နှုန်း၊ Star High ကုမ္ပဏီက ၂၈ ရာခိုင်နှုန်းနှင့် Viettel ကုမ္ပဏီ က ၄၉ ရာခိုင်နှုန်းအသီးသီးခွဲဝေ ပိုင်ဆိုင်ထားသည်။
Credit : 7daydaily
comment