1. Home
  2. Special or Others

ချစ်သူကို ယုံကြည်လွန်းခဲ့တဲ့ ကောင်မလေး

Special or Others ม.ค. 13, 2560 view 1,617
ပြင်သစ်နိုင်ငံက ချစ်သူနှစ်ဦး အွန်လိုင်း စုံတွဲဓါတ်ပုံတွေမှာ ခေတ်စားနေတဲ့ ပုံစံအတိုင်း ရှုခင်းကောင်းတဲ့ အထင်ကရနေရာတွေမှာ ကောင်လေးရဲ့ လက်ကို ကောင်မလေးက ဆွဲခေါ်နေတဲ့ ပုံစံမျိုး ဗီဒီယိုရိုက်ကူးနေရင်း ကောင်မလေးက သူ့ချစ်သူကို သာယာလှပတဲ့ ကျောက်ဆောင်ထိပ်ဖျားဆီကို ရှေ့ကနေ လက်ဆွဲခေါ်သွားခဲ့ပါတယ်။
 
ကျောက်ဆောင်ထိပ်ဖျားကို ရောက်တဲ့အခါမှာတော့ ကောင်မလေးက ချစ်သူဖက်ကို လှည့်ပြီး ပြုံးပြလိုက်ချိန်မှာတော့ မထင်မှတ်ပဲ ကောင်လေးက ကောင်မလေးရဲ့ လက်ကို ဆွဲထားရာကနေ ရုတ်တရက် ဖြုတ်ချပြီး ကျောက်ဆောင်အစွန်းပေါ်ကနေ ကောင်မလေးရကို ရင်ဘတ်ကနေ စောင့်တွန်းချလိုက်ပါတယ်။ ကြောက်အားလန့်အား ပြုတ်ကျသွားတဲ့ ကောင်မလေးဟာ ကျောက်ဆောင်တွေကြားမှာ ပုံရက်သားကျသွားခဲ့ပါတယ်။ ကောင်လေးကတော့ သူ့လုပ်ရပ်ကို ကျေနပ်တဲ့အနေနဲ့ ကင်မရာထဲမှာ လက်မထောင်ပြခဲ့ပါတယ်။
 
အဆိုပါဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အချို့က ရက်စက်လွန်းတယ်ကွာ၊ ဒါပေမယ့် ရယ်ရတယ်လို့ ဆိုခဲ့ကြပြီး အချို့ကတော့ ဒါဟာ ဇာတ်တိုက်ထားတာပါ၊ ကောင်မလေးက တွန်းချခံရမယ်ဆိုတာ သိပြီးသားပါ စသဖြင့် ဝေဖန်ခဲ့ကြပါတယ်။ ပရိသတ်ကြီးရော ဘယ်လိုထင်ပါသလဲ..?
 


Follow us on