1. Home
  2. Special or Others

လတိုင်း သူမရဲ့ ရာသီသွေးကို အသုံးပြုပြီး ရေးဆွဲခဲ့ တဲ့ ပန်းချီကား

Special or Others ม.ค. 13, 2560 view 1,691

ရိုမေးနီးယားနိုင်ငံသူပန်းချီဆရာမ Timi Pállဆိုတဲ့ အမျိုးသမီးဟာ သန္ဓေသား ကလေးငယ်တစ်ဦးရဲ့ပုံစံပန်းချီကားတစ်ချပ်ကို ရေးဆွဲခဲ့ပါတယ်။ ထူးခြားအံ့သြ စရာကောင်းတာကတော့ ပုံမှန်ပန်းချီကားတွေရေးဆွဲရာမှာသုံး တဲ့ ဆေးရောင် စုံမျိုးကို အသုံးမပြုပဲ သူမရဲ့ဓမ္မတာရာသီသွေးကို အသုံးပြုခဲ့ပါတယ်။

ပန်းချီကား နာမည်ကိုတော့ ‘The Diary of My Period’ လို့ အမည်ပေးထားပါတယ်။ေ ရး ဆွဲရာမှာလည်း စုတ်တံမသုံးပဲ၊သူမရဲ့လက်ချောင်းတွေနဲ့ရာသီသွေးလာချိန် မှာအသုံးပြုတဲ့ အတောင့်ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ပန်းချီကားချပ်ငယ် (၉)ခု နဲ့ပေါင်း စပ် ထားတဲ့ ဒီပန်းချီကားအတွက် တစ်ချပ်ခြင်းစီတိုင်းကို တစ်လ အချိန် ယူရတယ်လို့ ဆိုပါတယ်။

(၉)လကြာပြီးနောက်မှာတော့ ပန်းချီ ကားချပ် ငယ်တွေကို အတူပေါင်းစည်း လိုက်တဲ့ အခါမှာတော့ သက်ဝင်တဲ့ သန္ဓေ သားပုံစံ ပန်းချီကားတစ်ချပ်ဖြစ်လာ ခဲ့ပါတယ်။သူမပန်းချီကားရေးဆွဲနေပုံတွေကို Facebook ပေါ်မှာရှယ်ခဲ့ပါတယ်။ ပန်းချီကားချပ်ရဲ့ဆေးချက်တစ်ချက်ချင်းစီတိုင်းမှာ နာကျင်မှုရဲ့အလှတရား ကို မြင်နေရတယ်လို့ သူမကပြောခဲ့ပါတယ်။

Ms Páll ဟာရာသီသွေးနဲ့ပန်းချီရေးဆွဲခဲ့တဲ့ ပထမဆုံး အမျိုးသမီးတော့ မဟုတ် ပါဘူး။(၂၀၁၅)နှောင်းပိုင်းလောက်က Jess Cummin ဆိုတဲ့ Glasgow School of Art and Design ကျောင်းမှ ကျောင်းသူတစ်ဦးဟာ ရာသီသွေး နဲ့ပန်းချီရေးဆွဲခဲ့ဖူးတယ်လို့ သိရပါတယ်။

 



Follow us on