1. Home
  2. Special or Others

ပိစ်ပုံစံ လက်ချောင်းလေးများထောင်၍ ဓါတ်ပုံအရိုက်ခံရာကနေ လက်ဗွေစနစ်ခိုးယူနိုင်

Special or Others ม.ค. 13, 2560 view 1,720
ယနေ့ဓါတ်ပုံရိုက်သူများအကြား ခေတ်စားနေသည့် ချစ်စရာဟန်ပန် လက်ချောင်းလေး နှစ်ချောင်ထောင်လျှက် ပိစ်ပုံသဏ္ဍန် စတိုင်ပေးကာ ဓါတ်ပုံအရိုက်ခံခြင်းကနေ မိမိရဲ့ လုံခြုံရေး လက်ဗွေစနစ်ကို ခိုးယူရန် ဖြစ်နိုင်ချေရှိကြောင်း ဂျပန်နိုင်ငံ နေရှင်နယ် အင်စတီကျု့မှ သုတေသနသိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။
 
 
လက်ဗွေစနစ်ကို ခိုးယူမည့် သူတွင် အရည်အသွေးကောင်းမွန်သော ဒစ်ဂျစ်တယ် ကင်မရာတစ်လုံးသာ လိုအပ်ပြီး ၃ မီတာအကွာခန့်ကနေ ပိစ်ပုံစတိုင်ပေးနေသူရဲ့ လက်ချောင်းကို ကြည်လင်ပြတ်သားအောင် ချိန်ညှိရိုက်ယူနိုင်ပါက လက်ဗွေစနစ်ကို ခိုးယူသွားနိုင်မည်ဖြစ်သည်။
 
မိမိက ပိစ်ပုံစံ၊ လက်မထောင်သည့်ပုံစံ၊ တာ့တာပြသည့်ဟန် အစရှိသည်ဖြင့် လက်ဗွေရာပေါ်နိုင်သော ပုံစံများဖြင့် ဓါတ်ပုံအရိုက်ခံနေစဉ်တွင် ခိုးယူမည့်သူက တစ်နေရာကနေ ချောင်းမြောင်းကာ ဓါတ်ပုံရိုက်ယူသွားခြင်းဖြင့် မိမိ၏ လက်ဗွေပုံစံ ရရှိသွားနိုင်ပြီး ဘဏ်အကောင့်၊ စမတ်ဖုန်းနှင့် ကွန်ပျူတာ အစရှိသည့် လက်ဗွေစနစ်ဖြင့် လုံခြုံရေးချထားသော အရာအားလုံးကို ဖောက်ဖျက် ဝင်ရောက်သွားနိုင်မည်ဖြစ်သည်။
 
 
သုတေသနပြုသူများက လက်ချောင်းလေးများတွင် လက်ဗွေရာမပေါ်အောင် ကာကွယ်တပ်ဆင်နိုင်မည့် တိုက်တေနီယမ် အကာအကွယ်တစ်ခုကို တီထွင်ထုတ်လုပ်လျှက်ရှိပြီး နောက်ထပ် နှစ်နှစ်ခန့်အကြာမှ ဈေးကွက်အတွင်း ရောက်ရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
 


Follow us on