1. Home
  2. Movie Stars - Celebrity

အတွင်းခံလေးပဲဝတ်ပြီး ကိုယ်လုံးအလှကို ပြနေတဲ့ အဆိုတော် မင်းသမီး

Movie Stars - Celebrity ม.ค. 13, 2560 view 1,624

Selena Gomez ဟာ The Weeknd နဲ့ အနမ်းခြွေနေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပြီးတဲ့နောက် The Weeknd ရဲ့ ရည်းစားဟောင်း Bella Hadid သူမကို အင်စတာဂရမ်မှာ Unfollowed လုပ်ပြီး တစ်ရက်အကြာ Bella Hadid အတွက် မနာလိုစရာကောင်းလှတဲ့ နောက်ထပ်ဓာတ်ပုံတစ်ပုံကို ပြသလိုက်ပြန်ပါတယ်။

ဖက်ရှင်ဓာတ်ပုံဆရာ မာ့တ်အဲလက်စ်ရိုက်ကူးထားတဲ့ ဇာအတွင်းခံဘောင်းဘီလေးသာ ဝတ်ထားပြီး အဖြူရောင်တဘက်တစ်ထည်နဲ့ သူမရဲ့ အရှက်ကို ကွယ်လို့ မှန်ရှေ့မှာ ရိုက်ကူးထားတဲ့ပုံထွက်ပေါ်လာပါတယ်။ သူမဟာ ရွှေရောင်နားကွင်းအကြီးကြီးကို ဝတ်ထားပြီး လည်ပြန်ကြည့်နေတဲ့ ဆက်စီကျကျ ပို့စ်နဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံဆရာ မာ့တ်ရ့ ဓာတ်ပုံရိုက်ကူးနေပုံကို မှန်ထဲကမြင်ရပြီး သူက ဒီဓာတ်ပုံကို Beauty and the Beast လို့ အမည်ပေးပြီး အင်စတာဂရမ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ဆယ်လီနာဟာ အဆိုတော် The Weeknd နဲ့ အနမ်းခြွေနေတဲ့ ဓာတ်ပုံတွေ အွန်လိုင်းမှာပြန့်လာတာ ၂၄ နာရီမပြည့်ခင်မှာ ဒီဓာတ်ပုံက ထပ်မံပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

Selena ဟာ သူမရဲ့ စိုးရိမ်စိတ်တွေ၊ ထိတ်လန့်မှုတွေနဲ့ စိတ်ဓာတ်ကျခြင်းကို ဖြေရှင်းနိုင်ဖို့အတွက် သူမရဲ့နယ်လှည့်ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းပြီး ပြန်လည်ထူထောင်ရေးစခန်းကို သွားရောက်ခဲ့ရာကနေ နိုဝင်ဘာလထဲမှာကျင်းပတဲ့ AMAs ပွဲကျမှ သူမကို ပထမဆုံးအကြိမ် ပြန်လည်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

Credit:thadinatin



Follow us on