1. Home
  2. Myanmar News

ရန်ကုန်ဘတ်စ်စနစ် အတွက် တရားဝင်မိုဘိုင်း အပလီကေးရှင်း ထွက်ရှိ

Myanmar News ม.ค. 14, 2560 view 1,485
ဇန်နဝါရီ ၁၆ ရက်(တနင်္လာနေ့)တွင် စတင်မည့် ရန်ကုန်မြို့ ဘတ်စ်ကားလိုင်းစနစ် အသစ်အတွက် မိုဘိုင်းဖုန်းများတွင် ထည့်သွင်းကြည့်ရှုနိုင်သော တရားဝင် Android Application တစ်ခုကို Google PlayStore ပေါ်တွင် အခမဲ့ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
 
“Yangon Bus Service Official” application တွင် မိမိ၏ လက်ရှိတည်နေရာမှနေ၍ သွားလိုသော နေရာကို ညွှန်ပြပေးနိုင်မည့် GPS စနစ်ကို ထည့်သွင်းပေးထားသည့်အတွက် ဘတ်စ်ကားလိုင်းများ ရှာဖွေရာတွင် များစွာအထောက်အကူဖြစ်စေသည်။ ရှာဖွေမှု ပုံစံနှစ်မျိုးဖြင့် ရှာဖွေနိုင်ပြီး မိမိသွားလိုသော လမ်းကြောင်း တစ်လျှောက် နောက်ထပ်ပြောင်းလဲ စီးနင်းရမည့် ကားလိုင်းနံပါတ်နှင့် မှတ်တိုင်တို့ကိုပါ ဖော်ပြပေးနိုင်သည်။
 
 
 
 
 
လူအသုံးများသည့် Android စမတ်ဖုန်းများအတွက် ဦးစားပေးထွက်ရှိခဲ့တာဖြစ်ပြီ iOS စနစ်အတွက် ထွက်ရှိလာဖို့ကို အနည်းငယ် စောင့်ဆိုင်းရဦးမည်ဖြစ်သည်။ “Yangon Bus Service Official” application ကို Technomotion နည်းပညာ ကုမ္ပဏီမှ မြန်မာနည်းပညာရှင်များက ရေးသားခဲ့ကြောင်း သိရှိရသည်။
 
 
**Application သွင်းယူရန် မိုဘိုင်းဖုန်းမှတစ်ဆင့် အောက်ပါလင့်ခ်ကို နှိပ်ပါ**
 
>>> Download Yangon Bus Service Official App HERE <<<

 



Follow us on