1. Home
  2. Myanmar News

ယာဉ်စီးခ ပိုမိုတောင်းခံပါက ယာဉ်ပိုင်ဆိုင်မှု ဆုံးရှုံးသည်ထိ အရေးယူမည်

Myanmar News ม.ค. 14, 2560 view 1,709
ဇန်နဝါရီ ၁၆ ရက်နေ့တွင် စတင်ပြေးဆွဲတော့မည့် ရန်ကုန်ဘတ်စ် ယာဉ်လိုင်းများတွင် ယာဉ်စီးခပိုမို ကောက်ခံပါက မော်တော်ယာဉ်ကို သိမ်းယူပြီး ပိုင်ဆိုင်မှု ဆုံးရှုံးသည်အထိ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၄ ရက်(ယနေ့) ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ကြောင်း သိရှိရသည်။
 
 
ရန်ကုန်တိုင်းဒေသကြီး၊ အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ အုပ်ချုပ်မှုအောက်တွင် ပြေးဆွဲလုပ်ကိုင်ကြမည့် အများပိုင်ဘတ်စ်ကား ကုမ္ပဏီများအပေါ်တွင် အမှတ်ပေးစနစ်နဲ့ ကြီးကြပ်အကဲဖြတ်မည်ဖြစ်ပြီး စည်းကမ်းနှင့် မကိုက်ညီတာကို တွေ့ရှိပါက အမှတ်လျော့သွားမည်ဖြစ်သည်။ 
 
ယာဉ်စီးခ ပိုမိုတောင်းခံမှုအပြင်၊ ခရီးသည်ဆင်းမည့် မှတ်တိုင်တွင် မရပ်ပေးခြင်း၊ ခရီးသည်အား ကားပေါ်မှ တွန်းချခြင်း အစရှိသော စည်ကမ်းပိုင်း ဆက်ဆံရေး လိုက်နာခြင်းမရှိခဲ့ပါက အမှတ်လျော့သွားမည်ဖြစ်ပြီး နောက်ဆုံး မော်တော်ယာဉ်ကို သိမ်းယူကာ ပိုင်ဆိုင်ခွင့် လက်လွှတ်ဆုံးရှုံးရသည်အထိ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
Source:ကုမုန္ဒြာ
 


Follow us on