ဇန်နဝါရီ ၁၅ ရက်နေ့က ခရီးသွားပြည်သူများအတွက် လှိုင်သာယာမြို့နယ် အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်မှတ်တိုင်တွင် စိုက်ထူပေးထားသော YBS ဘတ်စ်ကားလိုင်းအသစ် လမ်းညွှန်ဆိုင်းဘုတ်တစ်ခု ဖျက်ဆီးခံထားရသည့် ဓါတ်ပုံများ လူမှုကွန်ယက် အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုများပြင်းထန်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်သော ဘတ်စ်ကားစနစ်အသစ် မစတင်မီ ဖျက်ဆီးခံလိုက်ရသည့်အတွက် နိုင်ငံတော်ကိုလည်း မလေးစားရာလဲ ရောက်ခဲ့သည်။


အဆိုပါ ဆိုင်းဘုတ်ဖျက်စီးခဲ့သူများ သက်ဆိုင်ရာ ရပ်ကွပ်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ခဲ့ရာ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူများဖြစ်ကြသော ထွန်းထွန်း (၂၅)နှစ်၊ ရဲဇော် (၂၅)နှစ်နှင့် ဝက်ကလေး(ခ)ကျော်သက် (၂၃)နှစ်တို့ သုံးဦးအား ၎င်းတို့နေထိုင်ရာ (၅)ရပ်ကွက်၊ ဘောဂမြိုင်လမ်းပေါ်မှတွေ့ရှိဖမ်းဆီးရမိခဲ့သည်။ သူတို့ သုံးဦးအား လှိုင်သာယာမြို့မရဲစခန်း (ပ)၁၄၆/၂၀၁၇၊ ၁၉၄၇ခုနှစ်၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက် ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး အပြုမဲ့သဘောဆောင်ကာ မလျော်ကန် ဖျက်လိုဖျက်ဆီးပြုလုပ်ခဲ့မှုအတွက် ရဲတပ်ဖွဲ့မှ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
source:YangonPolice