
Jung Da Yeon ဟာတောင်ကိုရီးယားမှာတော့ အရမ်းမိုက်တဲ့ ကိုယ်ခန္ဓာအချိုး အစားပိုင်ရှင် အမေတစ်ယောက်အဖြစ် နာမည်ကြီးနေသူတစ်ယောက်ပါ။သူမရဲ့ အပြင်ပုံပန်းကို ကြည့်မယ်ဆိုရင်တော့နှစ်ဆယ်ကျော်လောက် လို့ ထင်ရပေမယ့် (၁၉၆၆)ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး၊သူမရဲ့အသက်ကအခုဆိုရင်တော့(၅၀)ဖြစ်ပါတယ်။အစားအစာကို ဘယ်လိုချင့်ချိန်စားသောက်မလဲဆိုတဲ့ အကြောင်း ကို ရေးသားတဲ့ (diet writer)စာရေးသူတစ်ယောက်ဖြစ်သလို ကိုယ်ကာ ယကြံ့ခိုင်ရေးFitnessဂရုဆရာမကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။

အရွယ်နဲ့မလိုက်အောင် နုပျိုလှပ ကြံ့ခိုင်တောင့်တင်းတဲ့ ခန္ဓာကိုယ်ကြောင့် အာရှတစ်ဝန်းမှာ နာမည်ကြီး ခဲ့ပါတယ်။ (၂၀၀၄)ခုနှစ်၊လောက်က NHK ကနေ အင်တာဗျူးခေါ် ယူ ခဲ့ပြီးနောက်၊ ဂျပန်နို င်ငံမှာလည်း နာမည်ကြီးခဲ့ကာ၊သူမရဲ့စာအုပ်တွေဟာလည်း အရောင်းရဆုံးစာ အုပ်တွေဖြစ်လာခဲ့ပါတယ်။ရုပ်သံ TV ကြော်ငြာတွေမှာပါ ပါဝင် သရုပ်ဆောင်ေ ပးနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ဒါပေမယ့် သူမဟာ အရင်က သာမန် အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ပါ။ကလေးနှစ်ယောက်မွေးပြီးနောက် ကိုယ်အလေးချိန်(၇၀)ကီလိုဂရမ်အထိရှိလာခဲ့ပါတယ်။ ၀ိတ် တတ်လာတဲ့ ခန္ဓာကိုယ်ကို မကြိုက်တော့ စိတ်မကျေနပ်တော့တာကြောင့် အခုလိုဝိတ်ချဖို့ ဆုံးဖြတ်လိုက်ပြီး Diet နဲ့ Physical Exercises တွေကို ကစားခဲ့တာပါ။

သုံးလအတွင်း (၂၀)ကီလိုဂရမ်ချနိုင်ခဲ့ပါတယ်။ သူမကို ကြည့် ပြီး နိုင်ငံတစ်ဝန်းက အိမ်ထောင်သည် အမျိုးသမီးတွေလည်း လှပတဲ့ ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ကိုရီးယား မှာပါသာမက ဂျပန်မှာပါ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရေးအတွက် ပညာပေးစင်တာ တစ်ခုဖွင့်လှစ်နိုင်ခဲ့ပါတယ်။အီလက်ထရောနစ် နဲ့ဆော့ဖ်ဝဲလ် ကုမ္ပဏီ Nintendo ရဲ့ exercise-themed video game တစ်ခုမှာလည်း ပါဝင်ပေးခဲ့ပါတယ်။
![]()

Credit : shwemom
comment