1. Home
  2. Special or Others

၅ ရက် ကြာပြုလုပ်မယ့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ပျော်ပွဲရွှင်ပွဲ

Special or Others ม.ค. 16, 2560 view 1,667

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၁၁၁ နှစ်ပြည့် အမှတ်တရ အနေနဲ့ ပျော်ပွဲရွှင်ပွဲကို ငါးရက်ကြာ ကျင်းပမှာလဲ ဖြစ်ပါတယ် ။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ၁၉၀၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က စတင်ဖွင့်လှစ်ခဲ့တာလဲ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၅ ရက်မှာ ကျရောက်မယ့် တိရစ္ဆာန်ဥယျာဉ် ၁၁၁ နှစ်ပြည့်ပွဲတော် အထိမ်းအမှတ်အဖြစ် မျက်လှည့်ပွဲ၊ တိရစ္ဆာန်လိမ္မာနဲ့ ဆင်ကပွဲ၊ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး ပညာပေးအစီအစဉ်တွေ၊ မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲတွေနဲ့ ဈေးရောင်းပွဲတော်ကို ဇန်နဝါရီ ၂၁ ရက်မှ ၂၅ ရက်အထိ ပြုလုပ်မယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ တာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။

တေးဂီတဖျော်ဖြေပွဲတွေ၊ Myanmar’s Got Talent ဖျော်ဖြေမှု၊ မိသားစုကစားပွဲနဲ့ ဈေးရောင်းပွဲတော်အစီအစဉ်တွေလည်း ပြုလုပ်မှာ ဖြစ်ပါတယ်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ၁၉၀၆ ဇန်နဝါရီ ၂၅ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး အကျယ်အဝန်း ၅၈ ဒသမ ၁၆ ဧကမှာ နို့တိုက်သတ္တဝါ ၄၅ မျိုး၊ ကျေးငှက်သတ္တဝါ ၆၉ မျိုး၊ တွားသွားသတ္တဝါ ၁၈ မျိုး စုစုပေါင်း ၁၃၂ မျိုး ပြသထားပါတယ်လို့ သိရပါတယ်။

Credit:Duwun



Follow us on