1. Home
  2. Myanmar News

ဘတ်စ်ကားစနစ်သစ် အဆင်ပြေရန် တစ်ပတ်ခန့် အချိန်ယူရမည်ဟု ဦးဖြိုးမင်းသိန်းပြော

Myanmar News ม.ค. 17, 2560 view 1,460

လက်ရှိပြေးဆွဲနေသည့် ယာဉ်လိုင်းသစ်များအဆင်ပြေရန် တစ်ပတ်ခန့်အချိန်ယူရမည်ဖြစ် ပြီးဘတ်စ်ကားများပြေးဆွဲမှုနည်း ပါးနေခြင်းကြောင့် ဖြစ်ပေါ်နေ သည့်အခက်အခဲများကို အဆင်ပြေအောင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းကပြောကြား သည်။

‘‘မနက်ကျတော့မှ စတစ် ကာကပ်ပြီးထွက်နေတော့ ကျွန် တော်တို့သတ်မှတ်ထားတဲ့အချိန် နဲ့တစ်ပြေးညီမထွက်နိုင်ဘူး။ စ တစ်ကာကပ်တာက နာရီဝက် လောက်ကြာတယ်။ အဲဒီလိုတွေ ဖြစ်နေတော့ ဒီနေ့မနက်မှာ ကျွန် တော်တို့ ကသောင်းကနင်းဖြစ် တယ်။ စီးတဲ့ပြည်သူလူထုက လည်း ဘယ်လိုဖြစ်လဲဆိုတော့ ပိုက်ဆံပိုပေးရရင် ပိုပေးရပါစေ သွားချင်တဲ့ခရီးကိုပဲ တိုက်ရိုက် ရောက်ချင်တယ်။ အခုဟာကကျ တော့ စနစ်ပြောင်းသွားတဲ့အ တွက် ဘယ်ကားကိုစီးရမယ်ဆို တာ သူ့မှာမသေချာဘူးဖြစ်နေ တယ်။ အခုဖြစ်နေတဲ့အနေအ ထားက ဒီအခြေအနေပါပဲ။ ဒီနေ့ မနက်ပထမအဆင့်မှာ ၀ိုင်းဝန်းကူ ညီမှုနဲ့အဆင်တော့ချောနေတယ်။ ဒီအခြေအနေက တစ်ပတ် လောက်တော့ ဒီလိုမျိုးပဲ။ အသစ် ကို လက်ခံနိုင်အောင်ပေါ့ဗျာ’’ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ သည် နှစ်ပေါင်း ၅၀ကျော်ကြာ လည်ပတ်လာသော မထသယာဉ်လိုင်းယန္တရားကို ဖျက်သိမ်းပြီး ဇန်န၀ါရီ ၁၆ရက်တွင် အများပိုင်ဘတ်စ်ကားယာဉ်လိုင်းစနစ်သစ်ဖြင့် ပြောင်းလဲပြေးဆွဲခြင်းဖြစ်သည်။ စတင်ပြေးဆွဲသည့်နေ့တွင် ယာဉ်လမ်းကြောင်းမသိရှိခြင်း၊ ယာဉ်အစီးရေထွက်ရှိမှုနည်းပါး ခြင်းနှင့်အဆင့်ဆင့်ကားစီးရမည့် အရေးတို့ကြောင့် ရန်ကုန်မြို့တွင်း သွားလာသူများကြားအခက်တွေ့ ခဲ့ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့အား ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။ ထို့အပြင်ဘတ်စ်ကားများ ပြေးဆွဲမှုနည်းပါးနေမှုကြောင့်အ ဆင်မပြေဖြစ်မှုအပေါ် မိနစ်ပိုင်း ခြားတစ်စီးစီ စေလွှတ်ခြင်းမပြုလုပ်ဘဲဆက်တိုက်စေလွှတ်ခြင်းပြုလုပ်ရန် ၀န်ကြီးချုပ်ကိုယ်တိုင်ညွှန်ကြားမှုများပြုလုပ်ခဲ့သည်။

Credit : 7daydaily



Follow us on