
YBS ဘတ်စ်ကားသစ်တွေ ရဲ့အခက်အခဲကြောင့် တက်စီကားတွေငှားစီးခဲ့ရာ အရင်နေ့ထက်ဈေးတွေမတန်တဆခေါင်ခိုက်နေကြောင်း ခရီးသည်တွေကဝေဖန်ပြောခဲ့ကြပါတယ်။ ရန်ကုန်မြို့တွင်း မထသ ဘတ်စ်ကားလိုင်းတွေကို YBS ဘတ်စ်ကားတွေနဲ့ စတင်(ဇန်န၀ါရီ ၁၆ ရက်)သည်ကနေ့မှာ ပြောင်းလဲပြေးဆွဲတာဖြစ်ပါတယ်။ လသာမြို့နယ်ကနေ သာကတေ မြို့နယ်ကို ၅၀၀၀ကျပ် ၊ ပန်းဆိုးတန်းမြို့နယ်ကနေ တာမွေမြို့နယ်ကို ၉၀၀၀ ကျပ်ထိတက်ဆီခတိုးတောင်းနေတယ်လို့ခရီးသည်တွေကဆိုပါတယ်။ဒါ့အပြင်တချို့တက်စီတွေဟာဆိုရင်လည်းငှားလို့တောင်မရတော့တဲ့အခြေအနေတွေဖြစ်နေကြောင်းဆိုကြပါတယ်။
တဆင့်ထဲနဲ့ရောက်မဲ့နေရာကိုကားနှစ်ဆင့်ပြောင်းစီးရတာတွေ၊ ကားအရည်အတွက်နည်းတာတွေ၊ မနက်အစောကြီးထပီးဖယ်ရီမှီအောင်သွားရတဲ့သူတွေနဲ့ဈေးသယ်တွေအတွက်ခက်ခဲလွန်းကြောင်း မနန်းက သူ့အမြင်ကိုဆိုပါတယ်။ သူက“ကားတွေမပြောင်းပဲနဲ့ လမ်းကြောင်းပဲပြောင်းမှတော့ ကမောက်ကမတွေဖစ်ကုန်တာပဲ မြင်တယ် ဒီလိုလုပ်မဲ့ မတူတူ အစ်မ အမြင်ကတော့ ဆွဲနေကျလမ်းတွေအတိုင်းဆွဲပီး စည်းကမ်းတေ အရေးယူသင့်တာတွေကို ပိုပြီး တင်းကြပ်တာက ခရီးသွားတွေပိုအဆင်ပြေမယ်လို့မြင်ပါတယ် ”သုံးသပ်ပါတယ်။ ရုံးဝန်ထမ်းတစ်ဦးဖြစ်သူ မဆုလဲ့ရည်က
သည်လိုမထသကနေ YBS ကိုပြောင်းလဲပြေးဆွဲတာကြောင့်ကုမဏီနဲ့ရုံးဝန်ထမ်းတွေအတွက် အခက်အခဲဖြစ်နိုင်ပြီးမြို့ပတ်ရထားစီးရင်လည်း အချိန်နဲ့စီးနေရတာကြောင့်ရထားနဲ့လည်းအဆင်မပြေနိုင်ကြောင့်မဆုလဲ့ရည်ကသူ့အမြင်ကိုဆိုပါတယ်။ ဘက်စ်ကားတွေကလည်း နှစ်ဆင့်စီးရတော့ အဆင်မပြေတာတွေ၊ကားလိုင်းအစီးရေနည်းတာကြောင့် လူတွေအရမ်းတိုးရတာတွေ၊ကားလမ်းတွေလည်းအရမ်းပိတ်တာမျိုးတွေ ကားစပယ်ယာတွေလဲအရင်လိုပဲပြောင်းလဲသွားတာမျိုးမရှိပဲကားပြောင်းပြန်မောင်းတာတွေ၊ကားခပိုတောင်းတာတွေလည်းရှိနေကြောင်းရှိနေကြောင်းခရီးသည်တွေကဝေဖန်ကြပါတယ်။
Credit : kumudranews
Photo : kumudranews
comment