ယခုလို ဆောင်းတွင်းမှာ နုတ်ခမ်းသားတွေခြောက်သွေ မှုတွေ ဖြစ် နေတတ်ပါတယ်။ ဆောင်းတွင်းမဟုတ်ရင်တော့တချို နုတ်ခမ်းသားတွေဆိုညိုပြီးညစ်နွမ်းနွမ်းဖြစ်နေတတ်ပါတယ်။ အမျိုးသားရောအမျိုးသမီးတွေပါကလေးငယ်တွေကိုနူးညံ့ပြီးပန်းသွေးရောင်သန်းတဲ့နုတ်ခမ်းသားကိုပိုင်ဆိုင်ချင်ကြပါတယ်။
နုတ်ခမ်းသား ညိုရခြင်းရဲ့ အကြောင်းအရာတွေကတော့ ဆေးလိပ်သောက်တာ, ကော်ဖီသောက်တာ, နေရောင်ခြည်ထိတွေ မှုများတာ တွေကြောင့်ဖြစ်တတ်ပါတယ်။ ဒါ့အပြင်အရည်သွေးညံ့တဲ့ကုန်ပစ္စည်းတွေကိုအသုံးပြုတာကလည်းနုတ်ခမ်းသားကိုညိုမဲပျက်စီးစေပါတယ်။ ဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေမသုံးဘဲ သဘာဝအတိုင်း နုတ်ခမ်းသားကို ထိန်းသိမ်းလိုက်ရအောင်ပါ။

ပါဝင်ပစ္စည်း
သံပုယိုရည် တစ်ခွက်
သကြား
ပြုလုပ်နည်း
သံပုယိုရည်တစ်ခွက်ထဲကို သကြားထည့်လိုက်ပါ။ သကြားပျော်တဲ့ထိမထားဘဲ နုတ်ခမ်းသားပေါ်မှာ ညင်သာစွပွတ်လမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီး ရေဆေးချနိုင်ပါတယ်။ နောက်တစ်နည်းကတော့ သံပုရာရည်ကိုပဲ အိပ်ယာမဝင်ခင် လိမ်းပေးပြီး ၁၀ မိနစ်လောက်ထားကာ ရေဆေးချပါ။ အခုလို ပုံမှန်လုပ်ပေးတာဟာ နုတ်ခမ်းသားနူးညံ့ပြီး ပန်းနုရောင်သန်းစေမှာဖြစ်ပါတယ်။

Credit:myfood