1. Home
  2. Myanmar News

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း YBS မော်တော်ယာဉ်လိုင်းကို ပြည်သူများနှင့်အတူစီးနင်း

Myanmar News ม.ค. 17, 2560 view 1,534

ရန်ကုန်မြို့ မော်တော်ယာဉ်လိုင်းစနစ် စတင်ခဲ့သည့် ဒုတိယမြောက်နေ့ဖြစ်သော ဇန်နဝါရီ ၁၇ ရက်(ယနေ့) နေ့လည်ပိုင်းအချိန်တွင် ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ယာဉ်လိုင်းတစ်ခုကို ပြည်သူများနှင့်အတူ လိုက်ပါစီးနင်းကြောင်း သတင်းရရှိခဲ့သည်။

ဝန်ကြီးချုပ် ဦးဆောင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ရန်ကုန်မော်တော်ယာဉ်လိုင်း စနစ်အသစ်တွင် လိုအပ်လျှက်ရှိသော အခက်အခဲများကို ကိုယ်တိုင်သိရှိရန် ပြည်သူများနှင့် တစ်သားထဲ လိုက်ပါစီးနင်းခဲ့ခြင်းဖြစ်သည်။ သတင်းထောက်တစ်ဦး၏ မေးမြန်ချက်များအရ ယာဉ်လိုင်းစနစ်ကို အချိန် ၃ လစောင့်ကြည့်သွားမည်ဖြစ်ပြီး အမြန်ဆုံး အသားကျရန် စီစဉ်သွားမည်ဖြစ်ကြောင်း၊ သူ့အနေနှင့် နောင်နှစ် ဇူလိုင်လတွင် ရန်ကုန်မြို့ ယာဉ်လိုင်းစနစ်မှာ လုံးဝတည်ငြိမ်သွားပြီး ပြည်သူများ အဆင်ပြေပြေ သွားလာနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

ယာဉ်လိုင်းစနစ်အသစ် ဖော်ဆောင်ရာတွင် အဖက်ဖက်မှ ပါဝင်ကူညီမှုများကို အားရလျှက်ရှိပြီး ယခုလို ပူပေါင်းကူညီဆောင်ရွက်သွားပါက စင်ကာပူကို အနှစ် ၂၀ အတွင်းကျော်တက်မည်ဟု အမေစု ပြောခဲ့သည့်စကားမှာ မြစ်နိုင်စရာမရှိကြောင်း ပြောဆိုခဲ့သည်။

ယင်းအပြင် ဘတ်စ်ကားစနစ် တည်ငြိမ်သွားပါက ရေကြောင်းသွား Water Taxi, Bus  ကိစ္စများကို လုက်ကိုင်ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း ပြောဆိုခဲ့သည်။ ရေကြောင်းလမ်း သယ်ယူပို့ဆောင်ရေးစနစ်မှာ ပြည်သူများအန္တရာယ် မဖြစ်စေနိုင်ရန် ထိန်းချုပ်ရေးစင်တာများ တည်ဆောက်ကာ ဆောင်ရွက်ရမည်ဖြစ်သဖြင့် ဘတ်စ်ကားလိုင်ကဲ့သို့ မလွယ်ကူကြောင်း ပြောဆိုခဲ့သည်။

ယာဉ်လိုင်ပေါ်တွင် လိုက်ပါလာသော ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို နှုတ်ဆက်ကြသူများ၊ အားပေးထောက်ခံကြသူများဖြင့် ကြည်နူးစရာ မြင်ကွင်းကို အဆိုပါဗီဒီယိုတွင် မြင်တွေ့ရပါသည်။
ဘတ်စ်ကားလိုင်းစနစ်သစ်၏ ဒုတိယနေ့တွင် ပထမနေ့ထက် ပိုမိုချောမောလွယ်ကူလာကြောင်း ဘတ်စ်ကား အသုံးပြုသူအများစုက မှတ်ချက်ပြုခဲ့ကြသည်။

Source:UpToDate
 



Follow us on