1. Home
  2. Special or Others

ပါတီပွဲတွင် ပါးစပ်ဖြင့်လိင်ဆက်ဆံသည့်ဂိမ်း ထည့်သွင်းခဲ့သော တရုပ်ကုမ္ပဏီ ပြစ်တင်ဝေဖန်မှုများ ခံနေရ

Special or Others ม.ค. 18, 2560 view 1,699
တရုပ်ကုမ္ပဏီတစ်ခုဖြစ်သည့် “Tencent” သည် ကုမ္ပဏီနှစ်ပတ်လည် ပါတီပွဲတွင် ပါးစပ်ဖြင့်လိင်ဆက်ဆံသည့်ပုံစံ ဂိမ်းမျိုးကို ထည့်သွင်းကစားခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်နေ့က အဆိုပါဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီးနောက် လူများ၏ ပြစ်တင်ဝေဖန်မှုများစွာ ခံနေရကြောင်း သိရှိရသည်။
 
ဗီဒီယိုတွင် စတိတ်စင်ပေါ်၌ ဝန်ထမ်းအမျိုးသားနှစ်ဦးက မတ်တပ်ရပ်နေပြီး သူတို့နှစ်ဦး၏ ပေါင်ကြားတွင် ရေးဗူးတစ်ဗူးစီ ညှပ်ထားသည်။ ထို့နောက် ဝန်ထမ်းအမျိုးသမီး နှစ်ဦးက သူတို့ရှေ့တွင် ဒူးထောက်ထိုင်ချပြီး ပေါင်ကြားထဲမှ ရေဗူးအဖုံးကို သူတို့၏ ပါးစပ်ဖြင့် ဖွင့်ရန်ကြိုးစားခဲ့သည့် ကစားနည်းကို ကစားခဲ့ကြခြင်းဖြစ်ပြီး စင်အောက်ရှိ အခြားဝန်ထမ်းများကလည်း အားပေးအားမြောက် သြဘာပေးကာ ပါဝင်ဆင်နွဲခဲ့ကြသည်။
 
 
အဆိုပါဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့သွားခဲ့ပြီး စက်ဆုပ်ရွံ့ရှာဖွယ် လုပ်ရပ်တစ်ခုအဖြစ် ဝိုင်းဝန်းဝေဖန်ခဲ့သည့်အတွက် ကုမ္ပဏီအနေနဲ့ လူမှုရေးပြဿနာများကို ရင်ဆိုင်ခဲ့ရသည်။ နောက်ရက်တွင် “Tencent” ကုမ္ပဏီမှ ကြေငြာချက်တစ်စောင်ထုတ်ဝေကာ ယင်းသို့ဖြစ်ပျက်ခဲ့သည့်အတွက် ကုမ္ပဏီမှတောင်းပန်ကြောင်းနှင့် ဒီကစားနဲ့ ပက်သက်ပြီး တာဝန်ရှိတဲ့ ဝန်ထမ်းများရဲ့ အလုပ်သမားမှတ်တမ်းမှာလည်း ပြစ်ချက်တစ်ခုအဖြစ် ထည့်သွင်းမှတ်တမ်းတင်မည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း မည်သို့မည်ပုံ အပြစ်ပေးသွားမည်ကိုမူ ဖော်ပြခဲ့ခြင်းမရှိခဲ့ကြောင်း သိရှိရသည်။
 


Follow us on