1. Home
  2. Myanmar News

ရန်ကုန်မြို့တွင် မီးလောင်မှုကို စောင့်ကြည့်နိုင်မည့် CCTV ကင်မရာများ တိုးချဲ့တပ်ဆင်မည်

Myanmar News ม.ค. 18, 2560 view 1,658
ရန်ကုန်တိုင်းဒေသကြီးအတွင်း မီး လောင်မှုများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် ၂၀၁၇ ခုနှစ်အတွင်း မြို့ နယ်ခုနှစ်ခုတွင်  CCTV ကင်မရာများ ထပ်မံတိုးချဲ့တပ်ဆင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဗဟိုဌာနချုပ်မှ စုံစမ်းသိရှိရသည်။
 
 
ယခင်က ရန်ကုန်မြို့တွင် မီးလောင်မှုကို သိရှိနိုင်ရန် ဆူးလေရှန်ဂီလာ ဟိုတယ်၊ ဆာကူရာတာဝါ၊ မြ၀တီတာဝါ၊ ၈မိုင်တာဝါနှင့် ဘုရင့်နောင်တာဝါတို့၏ အဆောက်အဦ တစ်ခုစီတွင် CCTV ကင်မရာ ၂ လုံးတပ်ဆင်၍ ထောက်လှမ်းခဲ့ပြီး ယခုနှစ်တွင် အဆိုပါ အဆောက်အဦများတွင် တပ်ဆင်ထားသော ကင်မရာတစ်လုံးစီကို ပိုပိုမြင့်မားသော အဆောက်အဦများဆီသို့ ပြောင်းရွေ့တပ်ဆင်ခဲ့ကြောင်း သိရှိရသည်။ 
 
 
မြဝတီတာဝါမှ ကင်မရာတစ်လုံးကို Golden City အဆောက်အဦသို့ ပြောင်းရွေ့ထားသကဲ့သို့ ၈မိုင်တာဝါမှ ပင်နရာတစ်လုံးကိုလည်း မြန်မာပေါ်စကို ပေါ်သို့ ပြောင်းရွေ့တပ်ဆင်မည်ဖြစ်သည်။ လွှမ်းခြုံထောက်လှမ်းနိုင်ရန်  ပိုမိုမြင့်မားသော အဆောက်အဦများပေါ်သို့ ပြောင်းရွေ့တပ်ဆင်ရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ကင်မရာများ အားလုံးမှာ ၃၆၀ ဒီဂရီမြင်ကွင်း ကြည့်ရှုနိုင်ပြီး နောက်ထပ် CCTV ကင်မရာများ တိုးချဲ့တပ်ဆင်ရန် အဆောက်အဦ နှစ်နေရာ ရွေးချယ်မှုပြုလုပ်နေကြောင်း မြန်မာနိုင်ငံမီးသတ်ဗဟိုဌာနချုပ်မှ သိရှိရသည်။
 
Source:ပြည်မြန်မာ
 


Follow us on