1. Home
  2. Movie Stars - Celebrity

အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ ၀ိတ်ချမယ်ဆိုတဲ့ ကြည်လဲ့လဲ့ဦး

Movie Stars - Celebrity ม.ค. 18, 2560 view 1,571

ကလေး ၃ယောက်ရဲ့ မိခင် ဇြစ်နေတဲ့ သရုပ်ဆောင် ကြည်လဲ့လဲ့ဦးက အနုပညာအလုပ်ကို သံယောဇဉ်မကုန်သေးလို့ ခန္ဓာ ကိုယ်အလေးချိန် လျှော့ချပြီး သရုပ်ဆောင် ပြန်လုပ်မယ်လို့  ပြောထားပါတယ် ။ အငယ်ဆုံးကလေးက ၂နှစ်မပြည့်သေးတဲ့ အတွက် နို့ဖြတ်ပြီးတဲ့ အချိန်ကြရင်တော့ အစားအသောက်ထိန်းပြီး ဘော်ဒီ ဗြူးတီးကို ပြန်ကစားပြီးဝိတ်ချပါမယ်။ လူဟောင်းတွေပါပြီး ကိုယ်နဲ့ သင့်တော်မယ့် ဇာတ်ကိုပဲ ရွေးရိုက်မှာ ပါ အဓိက က အနုပညာ ကိုစိတ်မကုန်သေးတာလဲ ဖြစ်ပါတယ်လို့ ပြောထားပါတယ် ။

ဒါရိုက်တာညီညီထွန်းလွင် ရိုက်ကူးတဲ့ ဝါစိမ်းနီ ရုပ်ရှင် ဇာတ်လမ်းတွဲနဲ့ ပရိသတ်များ ပြန်လည်မြင်တွေ့ခဲ့ပြီးနောက် ရုပ်ရှင်ဇာတ်ကားအချို့ ပြန်လည် ရိုက်ကူးလာပါတယ်။ ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ကြိုက်လို့ စုထားတဲ့ ဇာတ်လမ်းတွေကို ရိုက်သွားဖို့ လဲ ရှိပါတယ် လက်ရှိမှာ ခင်ပွန်း သရုပ်ဆောင်ဇာနည် နဲ့ အတူ ကိုယ်ပိုင်စီးပွားရေးတွေ ကို လုပ်ကိုင်နေပြီး သားသမီးတွေ အရွယ်ရောက်လာတဲ့ အချိန်မှာ အနုပညာ ကို ဆက်လက်လုပ်ကိုင်သွားမယ်လို့ ပြောသွားခဲ့ ပါတယ်။

စီးပွားရေးက အခြေကျနေပေမယ့် ကလေးတွေ ပညာရေး လဲ ရှိသေးတော့ သားနှစ်ယောက်နဲ့ သမီးလေး အရွယ်ရောက်မှ ပြန်လုပ်ဖြစ်မှာပါ ။ မိသားစုကတော့ နံပါတ် ၁ ပါ မိသားစု အတွက်ဘာမှမလစ်ဟင်းစေရပါဘူး အချိန်လေး အဆင်ပြေပြီး သဘောကျတဲ့ ဇာတ်လမ်းလေးတွေကိုတော့ ရိုက်ဖြစ်နေမှာပါလို့ ပြောထားပါတယ်။

Credit:7Day daily



Follow us on