1. Home
  2. Movie Stars - Celebrity

အထိန်းသိမ်းခံထား ရတဲ့ မျိုးကိုကိုစန်း

Movie Stars - Celebrity ม.ค. 18, 2560 view 1,655

ထိုင်းနိုင်ငံ အလည်အပတ် ရောက်နေရာကနေ ပြန်အလာ မနေ့ညက ရန်ကုန် လေဆိပ်မှာ Miss International Queen Myanmar 2014 မျိုးကိုကိုစန်းဟာ လူတစ်စုရဲ့ စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပါတယ်။ မျိုးကိုကိုစန်းကို Facebook မှာ နာမည်ကြီးနေတဲ့ Cele Cele Small page ရဲ့ အက်မင်ပါ ဆိုပြီး anti CCS page က စွပ်စွဲထားပြီး သူမဟာ CCS အက်မင်ဆိုတာ သက်သေရှိတယ် ဆိုပြီး chatting screenshot များတင်ခဲ့ပါသေးတယ်။

မျိုးကိုကိုစန်းကတော့ သူမဟာ CCS အက်မင် မဟုတ်တဲ့ အကြောင်း နဲ့ chatting screenshot များဟာ အကောင့်တု ဖြင့် တမင် လုပ်ကြံထားသည်ဟု ဆိုပါတယ်။

မျိုးကိုကိုစန်းဟာ မနေ့ည ၈ နာရီ နှောင်းပိုင်းကတည်းက အထိန်းသိမ်းခံထားရပြီး သူမ အထိန်းသိမ်းခံထားရစဉ် အတောအတွင်းမှာလည်း Cele Cele Small page မှ post သစ်များ တင်လာသည်ကို ကြည့်ခြင်းအားဖြင့် မျိုးကိုကိုစန်းဟာ CCS အက်မင် မဟုတ်မှန်း သက်သေထူပြီး ဖြစ်သော်ငြား၊ ထိန်းသိမ်းခံထားရရာမှ ပြန်လည် လွှတ်မြှောက်လာခြင်း မရှိသေးပါ။ ၁၂ နာရီ နဲ့ အထက် ပြစ်မှု့ မရှိဘဲ ထိန်းသိမ်းထားရင် ဒါဟာ ရာဇဝတ်မှု့ မြှောက်တယ်လို့ သိရပါတယ်။

Credit:Paragonia 



Follow us on