1. Home
  2. Myanmar News

ရန်ကုန်မြို့တွင်းပတ် ယာဉ်လိုင်းများဖြစ်သည့် လိုင်းသုံးလိုင်းအား ပုံသေ ၁၀၀ ကျပ်သာ ကောက်ခံမည်

Myanmar News ม.ค. 18, 2560 view 1,667

ရန်ကုန်မြို့တွင်းပတ် ပြေးဆွဲနေသော ယာဉ်လိုင်းများဖြစ်သည့် YBS ၅၆၊ ၅၇ နှင့် ၅၈ လိုင်း (အညိုရောင်လိုင်း) တို့တွင် ယာဉ်စီးခ ပုံသေ ၁၀၀ ကျပ်သာ ကောက်ခံမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၁၇ ရက်က ပြုလုပ်ခဲ့သည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့နှင့် YBS ယာဉ်ပိုင်ရှင် ကုမ္ပဏီများ အစည်းအဝေးမှ သိရသည်။

“ပုံသေ ၁၀၀ ဆိုပြီး မြို့တွင်းကားတွေထဲမှာ စတေကာတွေ တစ်ခါတည်းကပ်ပြီး ဖြစ်မယ်။ အဲဒါ Confirm ပါ။ ဒီနေ့ (ဇန်န၀ါရီ ၁၇ ရက်) လိမ်ပြီးတော့ ကောက်သွားလို့ စာကပ်ခိုင်းလိုက်တယ်”

ဟု အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ယာဉ်လိုင်းပြေးဆွဲသူများက သန်လျင်အခြေပြု ယာဉ်လိုင်းများနှင့် မြို့ပြင်ဆက်စပ်လိုင်းများမှအပ အခြားယာဉ်လိုင်းများ အားလုံးအတွက် ယာဉ်စီးခ ၂၀၀ ကျပ်ထက် မပိုရန် ဆုံးဖြတ်လိုက်ကြောင်း ဇန်န၀ါရီ ၁၅ ရက်က ကြေညာခဲ့သည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ယာဉ်လိုင်း ၇၀ အထိရှိပြီး ယာဉ်ပြေးဆွဲချိန်များအဖြစ် နံနက် ၅ နာရီမှ ည ၉ နာရီအထိ သတ်မှတ်ထားကြောင်း YBS ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Credit : news-eleven



Follow us on