1. Home
  2. Special or Others

အုန်းသီး ၄၃ လုံးကို စက္ကန့် ၆၀ အတွင်း ဦးခေါင်းနဲ့ခွဲကာ ကမ္ဘာ့စံချိန်သစ်တင်သွားသူ

Special or Others ม.ค. 18, 2560 view 1,636
အသက် ၃၀ နှစ်အရွယ် ပါကစ္စန်လူမျိုး ရာရှစ်နစီးမ် ဆိုသူက သူရဲ့ ဦးခေါင်းကို အသုံးပြုပြီး အုန်းသီး ၄၃ လုံးကို စက္ကန့် ၆၀ အတွင်း ခွဲပြသွားတဲ့အတွက် ကမ္ဘာ့စံချိန်အသစ်တင်နိုင်ခဲ့ကြောင်း ဂင်းနစ်အဖွဲ့က တရားဝင်ကြေငြာခဲ့ပါတယ်။
 
ရာရှစ်နစီးမ်ဟာ ပြိုင်ပွဲဝင်နိုင်ဖို့အတွက် ခြောက်လခန့် မမောနိုင်မပမ်းနိုင် လေ့ကျင့်ခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။ လေ့ကျင့်ခါစမှာ ခေါင်းကိုက်တဲ့ ဝေဒနာခံစားခဲ့ရပေမယ့် ကျင့်သားရလာတာနဲ့အမျှ တစ်ဖြည်းဖြည်း မူးဝေခေါင်းကိုက်တာတွေ မရှိတော့ဘူးလို့ ဆိုပါတယ်။ သူဟာ လက်ရှိမှာလည်း အခြားဂရင်းနစ် စံချိန်တွေကို ရရှိထားသူလည်းဖြစ်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ နိုင်ငံအတွက် ဂရင်းနစ်စံချိန် ၅၀ ရရှိအောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ 
 
လက်ရှိမှာ သူရရှိထားတဲ့ စံချိန်များကတော့ အအေးဗူးတွေကို အများဆုံးဖျက်ဆီးနိုင်သူ (မနှစ်က ရခဲ့ပါတယ်)၊ စက္ကန့် ၆၀ အတွင်း သစ်ကြားသီး အလုံး ၂၁၀ ကို ခွဲနိုင်သူနဲ့ ယခု အုန်းသီး ၄၃ လုံးကို စက္ကန့် ၆၀ အတွင်း ခွဲနိုင်သူတို့ဖြစ်ပါတယ်။ စံချိန်အားလုံးအတွက် သူ့ရဲ့ ဦးခေါင်းကို အသုံးပြုခဲ့တာဖြစ်ပါတယ်။
ဗီဒီယိုကို ကြည့်ပြီးတဲ့ အခါမှာတော့ အိမ်မှာ လိုက်မလုပ်ကြဖို့ အထူးမေတ္တာရပ်ခံပါရစေ။
 


Follow us on