1. Home
  2. Movie Stars - Celebrity

ဟောင်ကောင်မော်ဒယ်တစ်ဦး ဖေ့စ်ဘုတ်မှ တိုက်ရိုက်ရုပ်သံလွှင့်ကာ မိမိကိုယ်ကိုအဆုံးစီရင်

Movie Stars - Celebrity ม.ค. 18, 2560 view 1,698
ဟောင်ကောင်တွင် နာမည်ရမော်ဒယ်တစ်ဦးဖြစ်သူ အန်ရှောက်ရီ (၂၈ နှစ်)က ဇန်နဝါရီ ၁၆ ရက်နေ့တွင် ဖေ့စ်ဘုတ်မှတစ်ဆင့် ဗီဒီယိုတိုက်ရိုက်ထုတ်လွှင့်ကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။
သူကိုယ့်သူ သေကြောင်းမကြံမီ တစ်နာရီခန့် ကတည်းက ဖေ့စ်ဘုတ် တိုက်ရိုက်ဗီဒီယိုမှ တစ်ဆင့် သူမရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေကို ရင်ဖွင့်ခဲ့ပြီးနောက် အထပ်မြင့် အဆောက်အဦ ဝရန်တာပေါ်တက်ကာ ရေထဲသို့ ခုန်ချကာ သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်သည်။
 
 
“ယိုယို” လို့လည်း လူသိများတဲ့သူမဟာ ဟောင်ကောင်မီဒီယာတစ်ခုဖြစ်တဲ့ HKBC မှာ အလွတ်တန်း မော်ဒယ်လ်အဖြစ် အလုပ်လုပ်နေပြီး ဖေ့စ်ဘုတ်ပရိသတ် ၉,၅၀၀ လောက် ဖော်လိုဝါရှိထားသူဖြစ်ပါတယ်။ ဖေ့စ်ဘုတ်မှာ တိုင်ရိုက်လွှင့်နေစဉ် သူမရဲ့ ပရိသတ်တွေက ဖျောင်းဖျပေမယ့်လည်း အခက်အခဲတွေနဲ့ ပြည့်နှက်နေတဲ့ သူမဘဝကို မုန်းတီးကြောင်း ပြောဆိုကာ ရေထဲခုန်ဆင်းခဲ့တာဖြစ်ပါတယ်။
 
 
ရဲတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက သူမကို ရေထဲက အချိန်မီကယ်ဆယ်ခဲ့တာကြောင့် အသက်မသေသေးပဲ ဆေးရုံသို့ တင်ပို့ခဲ့ပါတယ်။ နောက်နေ့ မနက်မှာတော့ သူမဟာ ဖေ့စ်ဘုတ်ဗီဒီယို ထပ်လွှင့်ပြီး အဖြစ်အပျက်တွေအားလုံးအတွက် တောင်းပန်ကြောင်းနဲ့ သေကြောင်းမကြံမီ သူမဟာ အရက်တွေသောက်စားထားတာကြောင့် ဖြစ်ခဲ့ရတယ်လို့ ဝန်ခံတောင်းပန်ခဲ့ပါတယ်။ 
 


Follow us on