1. Home
  2. Myanmar News

မလေးရှားထောက်ပံ့ရေးသင်္ဘောကို စစ်တွေဆိပ်ကမ်းသို့ ဆိပ်ကပ်ခွင့်ပြုမည်မဟုတ်

Myanmar News ม.ค. 19, 2560 view 1,393
မလေးရှား မစ္စလာမ်မစ်အဖွဲ့အစည်းက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအတွက် အထောက်အပံ့ပစ္စည်းများကို သင်္ဘောဖြင့် လာရောက်ပို့ဆောင်ခွင့်ပြုရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံသို့ တိုက်ရိုက်စာတင်၍ တရားဝင်ခွင့်ပြုချက် တောင်းခံလာသည့်အတွက် သမ္မတမှ လက်ခံခဲ့သော်လည်း ရခိုင်ပြည်နယ်ရှိ စစ်တွေဆိပ်ကမ်းသို့ တိုက်ရိုက်ဆိုက်ကပ်ခွင့်ပြုမည်မဟုတ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
 
ထောက်ပံ့ရေးသင်္ဘောကို ရန်ကုန်ဆိပ်ကမ်းတွင်သာ ဆိပ်ကပ်ခွင့်ပြုမည်ဖြစ်ပြီး လာရောက်လှူဒါန်းမည့် ပစ္စည်းစာရင်းကို ကြိုတင်အကြောင်းရမည်ဖြစ်ပြီး သင်္ဘောတွင် လူအများအပြား လိုက်ပါလာခွင့်မပြုသကဲ့သို့ လိုက်ပါလာမည့်သူများကိုလည်း ရန်ကုန်ဆိပ်ကမ်း ကုန်းပေါ်သို့ တက်ခွင့်ပြုမည်မဟုတ်ကြောင်း ပြန်လည်၍ အသိပေးခဲ့သည်။
 
မလေးရှား အစ္စလာမ်မစ်အဖွဲ့၏ ထောက်ပံ့ရေးသင်္ဘော ဖေဖေါ်ဝါရီ ၃ ရက်နေ့တွင် လာရောက်ပို့ဆောင်မည်ဟု သိရှိရပြီး ဆန်တန်ချိန် ၁၀,၀၀၀ ကျော်၊ ဆေးဝါးနှင့် အခြားရိက္ခာများ ပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အလားတူစွာပင် အင်ဒိုနီးရှားအစိုးရကလည်း ရဖိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအပါအဝင် လူမျိုးစု နှစ်ခုစလုံးအတွက် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန် တရားဝင်ကမ်းလှမ်းထားခြင်းကို မြန်မာအစိုးရမှ လက်ခံသဘောတူညီပြီးဖြစ်ကြောင်း သတင်းရရရှသည်။
 
 
Ref:7Day
 


Follow us on