1. Home
  2. Myanmar News

၁၂ နှစ်အရွယ် အိမ်အကူမိန်းကလေးအား ငရုပ်ကျည်ပွေ့ဖြင့် သွားများရိုက်ချိုးခံရမှု အရေးယူထား

Myanmar News ม.ค. 19, 2560 view 1,430
အသက် (၁၂ နှစ်) အရွယ် အိမ်အကူမိန်းကလေးတစ်ဦးအား သွား(၆ ချောင်း) ကျိုးအောင် ညှဉ်းပမ်းနှိပ်စက်ခဲ့သည့်အတွက်  မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ယာတွင် နေထိုင်သော အိမ်ရှင်အမျိုးသမီးနှင့် အခြားအိမ်အကူ အမျိုးသမီးတစ်ဦးကို အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
 
ရွှေကမ္ဘာအိမ်ယာတွင် နေထိုင်သော ဦးအောင်မင်း၊ ဒေါ်ခင်နန်းတင့်တို့၏ နေအိမ်တွင် အိမ်အကူအဖြစ်လုပ်ကိုင်နေသာ အသက် (၁၂ နှစ်) အိမ်အကူ မိန်းကလေးအား ငရုတ်ကျည်ပွေဖြင့် သွားများအား ရိုက်ချိုးရန် အသက် (၁၆ နှစ်)အရွယ် အခြားအိမ်အကူ မိန်းကလေးတစ်ဦးအား အိမ်ရှင်ဖြစ်သူ ဒေါ်ခင်နန်းတင့်က အဓ္ဓမစေခိုင်းခဲ့ကြောင်း နှိပ်စက်ခံခဲ့ရသည့် မိန်းကလေးငယ်၏ အုပ်ထိန်သူ ဒေါ်ခင်ဝင်းက တိုင်ကြားခဲ့ခြင်းဖြစ်သည်။
 
အိမ်အကူ မိန်းကလေးနှစ်ဦးလုံးမှာ မြစ်သားမြို့ဇာတိဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် အဆိုပါနေအိမ်သို့ အိမ်အကူအဖြစ် လုပ်ကိုင်ရန် ရောက်ရှိလာကြသူများဖြစ်သည်။ လစာ ၅ သောင်းကျပ်ဖြင့် လပေါင်း ၃၀ စာအဖြစ် ၁၅ သိန်းကျပ်ကို ကြိုတင်ထုတ်ပေးထားခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားခဲ့သည်။ အိမ်အလုပ်များကို နံနက် ၁ နာရီ၊ ၂ နာရီခန့်ထိ လုပ်ကိုင်ကြရပြီး အိမ်ရှင်ဖြစ်သူ စိတ်တိုင်းမကျပါက ဖိနပ်ဖြင့် ပါးရိုက်ခြင်း၊ ကန်ကျောက်ခြင်း၊ တုတ်ဖြင့် ရိုက်ခြင်း၊ ဒယ်အိုးဖြင့် ရိုက်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် အိမ်ရှင်များ အပြင်သွားပါက မိန်းကလေး နှစ်ဦးအား အိမ်အတွင်း ပိတ်လှောင်ထားခဲ့ကြောင်း အုပ်ထိန်းသူ ဒေါ်ခင်ဝင်း၏ တိုင်တန်းချက်များတွင် ဖော်ပြထားသည်။
 
အိမ်အကူ မိန်းကလေးငယ်အား နှိပ်စက်ခဲ့မှုနှင့်ပတ်သက်၍ အိမ်ရှင် ဒေါ်ခင်နန်းတင့်နှင့် အသက်(၁၆)နှစ်အရွယ် အိမ်အကူ မနန်းမို့မို့အေး တို့နှစ်ဦးအား ဘုရင့်နောင်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၂၆/၃၄၁/ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
 
Credit:7Day
 


Follow us on