1. Home
  2. Myanmar News

စတိုင်အပြည့်နဲ့ အယောင်ဆောင်ရဲမေ မုံရွာမြို့တွင် ဖမ်းဆီးမိ

Myanmar News ม.ค. 19, 2560 view 1,713
မုံရွာတွင် ရဲမေဝတ်စုံဝတ်ဆင်ပြီး ရဲဝန်ထမ်း အယောင်ဆောင်ကာ ပြည်သူများထံမှ ငွေကြေးတောင်းခံခဲ့သော အမျိုးသမီးတဦးကို ဖမ်းဆီးရမိကြောင်း မုံရွာနယ်မြေရဲစခန်းက သတင်းထုတ်ပြန်ထားသည်။ ဖမ်းဆီးရမိသည့် ရဲမေအယောင်ဆောင် အမျိုးသမီးကိုလည်း ဓာတ်ပုံနှင့်တကွ မုံရွာနယ်မြေရဲစခန်း လူမှုဆက်သွယ်ရေးကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။
 
 
မုံရွာ နယ်မြေရဲစခန်း၏ သတင်း ထုတ်ပြန်ချက်တွင် -
 
ရဲတပ်ဖွဲ့ဝင် များသည် ပြည်သူကို ဝန်ဆောင်မှုပေးလျက်ရှိသော အချိန် ကာလတွင် ရဲဝန်ထမ်း အယောင်ဆောင် အမျိုးသမီး တစ်ဦးက ပြည်သူကို ထိန်းချုပ်မှု စနစ်များကျင့်သုံး၍ အကြောက်တရားများ ဖြစ်ပေါ်လာစေရန် တမင်လုပ်ဆောင်ကာ မိဘ ပြည်သူများထံမှ ငွေကြေးများ တောင်းခံရယူနေပါတယ်။
ဒါကို လက်မခံနိုင်တဲ့ပြည်သူတွေက အမိဖမ်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ ဒီကတော့ ဒုရဲအုပ် ကိုကိုအောင်နဲ့ အဖွဲ့က သူမကို ဖမ်းနိုင်ခဲ့ပါပြီ။ သူမဟာ ရဲမေဝတ်စုံ ဝတ်ဆင်ပြီး ခရိုင်ရဲလိုလို မူးယစ်ရဲလိုလို ပုံမှားရိုက်ကာ ပိုက်ဆံလိုက်လံ တောင်ခံစဉ်မှာ အခုလို အဖမ်းခံလိုက်ရတာပါ။ အခု သူမကို ရဲစခန်း (ပ) ၃၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၁၇၁ အရ အမှုဖွင့် အရေးယူထားပါပြီ” 
 
ဟု မုံရွာနယ်မြေရဲစခန်း လူမှုဆက်သွယ်ရေးကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။
 
Source:မုံရွာနယ်မြေရဲစခန်း
 


Follow us on