1. Home
  2. Myanmar News

နိုင်ငံတစ်ကာတွင် ငွေပေးချေနိုင်မည့် VISA အကြွေးဝယ်ကာဒ် မြန်မာပြည်တွင် စတင်ထုတ်ပေးပြီ

Myanmar News ม.ค. 20, 2560 view 1,536
မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငွေပေးချေမှုစနစ် လွယ်ကူလာစေရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များအား  VISA အကြွေးဝယ်ကာဒ် သုံးစွဲခွင့်ကို မြန်မာနိုင်ငံဗဟိုဘဏ်မှ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
 
ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် CB Bank က VISA နှင့်ပူးပေါင်းကာ Gold Visa Card နှင့် Platinum Visa Card တို့ကို မြန်မာနိုင်ငံသားများအတွက် ပထမဦးဆုံးစတင် ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ VISA အကြွေးဝယ်ကာဒ်များကို အသုံးပြု၍ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံပေါင်း ၂၁၀ ကျော်တို့တွင် ငွေပေးချေမှုများ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း ဇန်နဝါရီလ ၁၉ ရက်နေ့က ကမ်းနားလမ်းဘဏ်ရုံးချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်  CB ဘဏ်မှ စီအီးအို ဦးကျော်လင်းက ပြောကြားခဲ့သည်။
 
 
VISA အကြွေးဝယ်ကာဒ်များ လျှောက်ထားလိုသူ မြန်မာနိုင်ငံသားများ အနေဖြင့် အနည်းဆုံးလစာဝင်ငွေ ကျပ်တစ်သိန်းခွဲမှ ကျပ်နှစ်သိန်းအထက် ဝင်ငွေရှိသူများ ဖြစ်ရမည်ဖြစ်ပြီး ငွေပေးချေမှုများ လုပ်ဆောင်ရာတွင် မြန်မာကျပ်ငွေ၏ကာလပေါက်ဈေးအပေါ် အခြေခံ၍ တွက်ချက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
CB ဘဏ်သည် မြန်မာနိုင်ငံတွင် ATM စနစ်နှင့် VISA Perpaid Debit ကာဒ်စနစ်တို့ကို ပထမဦးဆုံး အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သော ဘဏ်တစ်ခုဖြစ်ပြီး ယခုတစ်ခါ VISA အကြွေးဝယ်ကာဒ်စနစ် ကိုလည်း ပထမဦးဆုံးဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
 
Source:မြန်မာ့အလင်း


Follow us on