1. Home
  2. Myanmar News

အခမဲ့ပြေးဆွဲပေးနေသော Light Truck ယာဉ်အား YBS ၇၀ ယာဉ်မှ ပြင်းထန်စွာ ၀င်တိုက်မိ

Myanmar News ม.ค. 20, 2560 view 1,477

ဒေါပုံမြို့နယ် မှ ဆူးလေ သို့ အခမဲ့ပြေးဆွဲပေးနေသော Light Truck ယာဉ်အား ယခုလ ၁၉ ရက် နံနက် ၉ နာရီ ၂၅ မိနစ်ခန့်က YBS ၇၀ ယာဉ်မှ အရှိန်မထိန်းနိုင်ပဲ ပြင်းထန်စွာ နောက်မှ ၀င်တိုက် မိရာ တွယ်စီးလာသော ခရီးသည်တစ်ဦးနှင့် ကူညီဆောင်ရွက်ပေးနေသော လုပ်အားပေးအချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ေ ဒါပုံမြို့နယ်မှ ဆူးလေသို့ ခရီးသည်တင်ကာ ထွက်ခွာလာစဉ် ဗန္ဓုလတံတားအတက်၌ နောက်မှ လိုက်ပါလာသော YBS ၇၀ ယာဉ်က တက္ကစီယာဉ်အား ကျော်တက်ရာတွင် အရှိန်မထိန်းနိုင်ပဲ အခမဲ့ယာဉ်အား နောက်မှ အရှိန်ပြင်းစွာဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"ကားထဲမှာလည်းလူပြည့်နေတော့ အိုးရှင်းမှတ်တိုင်မှာ ဆင်းမယ်ဆိုပြီး နောက်မှာ မှာ တွယ်စီးလာတဲ့ အသက် ၄၅ နှစ်ကျော် ယောင်္ကျားတစ်ယောက်နဲ့ အသက် ၂၀ ကျော် ယောင်္ကျားလေးလုပ်အားပေးတစ်ယောက်ဒဏ်ရာရရှိခဲ့တယ်။ယာဥမောင်းလည်းဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။ဒီအထဲမှာ ၄၅ နှစ်ကျော် လောက်ရှိတဲ့ဦးလေးက ဒဏ်ရာတော်တော်ပြင်းပါတယ်။အားလုံးကို ကားကြုံနဲ့ ဆေးရုံကိုခေါ်သွားပြီ။လာတိုက်တဲ့ YBS ၇၀ ယာဉ်ကအရှိန်ပြင်းပါတယ်"ဟု

အတိုက်ခံရသော ယာဉ်တွင် လိုက်ပါစီးနှင်ခဲ့သည့်ခရီးသည်တစ်ဦးကပြောသည်။"ယာဉ်ကြောတွေကြပ်နေတဲ့အချိန် အခုလို ကျော်တက်တာတွေ ၊အရှိန်ပြင်းမောင်းတာတွေ ဟာ အန္တရာယ်အရမ်းများပါတယ်။မလိုလားအပ်တဲ့ယာဉ်တိုက်မှုတွေ ဖြစ်နိုင်ပါတယ်။အစိုးရအနေနဲ့ ထိထိရောက်ရောက်ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သင့်ပါတယ်"ဟု ခရီးသည်များကပြောသည်။

Credit : pyimyanmarnews



Follow us on