1. Home
  2. Special or Others

မွေးပြီးပြီးချင်း စွန့်ပစ်ခံခဲ့ရတဲ့ စံပြဆေးရုံက ၁၀ ရက်သားသမီးငယ်

Special or Others ม.ค. 20, 2560 view 1,712
၁၀ ရက်သမီးအရွယ်သာ ရှိသေးတဲ့ မွေးကင်းစကလေးငယ်လေး၊ ဒီအရွယ်ဆိုတာ မိခင်ရဲ့ ရင်ခွင်ထဲမှာ နွေးနွေးထွေးထွေးနဲ့ မိခင်နို့ရည် စို့နေရမယ့်အချိန်မှာ  သူမကို နို့ချိုတိုက်ကျွေးမယ့် မိခင်ဆိုတာမရှိ၊ မိခင်မေတ္တာဆိုတာ မသိရသေးခင်မှာပဲ မွေးပြီးပြီးချင်း ဆေးရုံမှာ စွန့်ပစ်ခံခဲ့ရသူပါ။ 
 
ကိုယ့်နို့ဗူးကို ကိုယ်တိုင်စို့တက်အောင် ကြိုးစားရုန်းကန်နေတဲ့ မွေးကာစသမီးလေး တစ်ယောက်ရဲ့ ဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ရပါတယ်။ Guita Thidaဆ ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က ဇန်နဝါရီ ၁၈ ရက်နေ့က မျှဝေပေးထားပြီး ကလေးဟာ သင်္ဃန်းကျွန်း စံပြဆေးရုံမှာ စွန့်ပစ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ ကလေးငယ်ဟာ နို့ဗူးသာစို့နေရပြီး လိုအပ်တဲ့ နို့မှုန့်ဗူး၊ အလှူငွေများကိုလည်း ဆေးရုံမှာ လက်ခံနေကြောင်း ဖော်ပြထားခဲ့ပါတယ်။
 
မိခင်အရင်းဖြစ်သူ ဒီဗီဒီယိုကိုကြည့်မိရင် ဘယ်လိုခံစားနေရမလဲဆိုတာ မမှန်းဆနိုင်ပေမယ့် ကြည့်ရှုမိသူအားလုံးကတော့ ရင်ထဲကို စူးနစ်သွားစေခဲ့တာ အမှန်ပဲဖြစ်ပါတယ်။ ပါဝင်ကုညီလှူဒါန်းလိုသူများ စံပြဆေးရုံ OG Ward ထဲမှာ သွားရောက်လှူဒါန်းနိုင်ကြပါတယ်။ 
 
Video Credit:GuitaThida(FB)
 


Follow us on