1. Home
  2. Special or Others

လူမှုကွန်ယက်တွင် အားကစားလေ့ကျင့်နေပုံတင်မှုကြောင့် အီရန်ကာယအလှပြမယ် ဖမ်းဆီးခံရ

Special or Others ม.ค. 20, 2560 view 1,712
အားကစားခန်းမတွေင် ကာယလေ့ကျင့်နေစဉ် ရိုက်ကူးထားခဲ့သော ဆယ်လဖီပုံများကို လူမှုကွန်ယက်တွင် မျှဝေခဲ့ခြင်းကို အစ္စလာမ်မစ်လမ်းစဉ်ကို ဆန့်ကျင်သည့် ဖော်ချွတ်ပုံတင်သည် သတ်မှတ်ကာ အီရန် ကာယဗလအလှပြမယ် တစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးထောင်ချလိုက်သည်။ 
 
 
အီရန်နိုင်ငံ၏ အစ္စလာမ်ဥပဒေအရ လက်ကောက်ဝတ်နှင့် ခြေသပွတ်တိုင်(ခြေဖျားဆစ်) အထက်ပိုင်း ဖော်ပြမှုကို ဝတ်လစ်စလစ်(ဖော်ချွတ်)ဟု ပြဌါန်းသတ်မှတ်ထားသည့်အတွက် ဘာသာရေးဥပဒေ ချိုးဖောက်မှုနှင့် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ သူမဟာ ဒဏ်ငွေအဖြစ် အီရန်ငွေကြေး နှစ်သန်း(မြန်မာငွေ ၂၈,၃၀၀ ကျပ်ကို မပေးဆောင်နိုင်ခဲ့သည့်အတွက် ထောင်ဒဏ်ကျခံခဲ့ရခြင်းဖြစ်သည်။
 
 
 
အီရန်နိုင်ငံရှိ အမျိုးသမီးများ ခေါင်းဆောင်းမဆောင်ခြင်း၊ ခန္ဓာကိုယ်ကို အများသိမြင်အောင် ဖော်ပြခြင်းတို့ကို ဘာသာရေးအရတားမြစ်ထားပြီး အပြင်ထွက်ပါက လုံခြုံစွာ ဝတ်စားထားရမည်ဖြစ်သည်။ အီရန်နိုင်ငံက အားကစားပွဲများ ဝင်ရောက်ယှဉ်ပြိုင်မှုကို ခွင့်ပြုထားသော်လည်း အစ္စလာမ်မစ်ဥပဒေများကို အချိန်ပြည့်လိုက်နာရန် စည်းကြပ်ထားသည်။
 
 
 


Follow us on