1. Home
  2. Special or Others

ခန္ဓာကိုယ်အောက်ပိုင်း ဖြတ်တောက်ခဲ့ရပေမယ့် ဘဝကိုအရှုံးမပေးပဲ အိုလံပစ် ပြိုင်ပွဲဝင်တစ်ဦး ဖြစ်လာသူ

Special or Others ม.ค. 20, 2560 view 1,949
ချန်ဟောင်ယန်း ၅ နှစ်သမီးအရွယ်၊ ၂၀၀၀ ခုနှစ်မှာ ထရပ်ကားတစ်စီး တိုက်ခံရပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။ သူမဟာ အသက်ရှင်ကျန်ရစ်ခဲ့ပေမယ့် ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးက မနည်းပါဘူး။ မိသားစုဟာ ဆင်းရဲနွမ်းပါးလွန်းပြီး ဆေးကုသစရိတ် မတတ်နိုင်တာကြောင့် သူမရဲ့ခြေထောက်နှစ်ချောင်းလုံးကို ဖြတ်လိုက်ဖို့ ဆရာဝန်တွေက တိုက်တွန်းခဲ့ပါတယ်။ ခြေထောက်နှစ်ချောင်းလုံး မရှိတော့တဲ့ ကလေးမလေးအတွက် ခြေထောက်နေရာမှာ အစားထိုးဖို့ ခြေတုဆိုတာကလည်း မတတ်နိုင်တဲ့အတွက် ဝေလာဝေးဖြစ်ခဲ့ပါတယ်။
 
 
တစ်ရက်တော့ ချန်းရဲ့ အဖိုးဟာ အောက်ပိုင်းမရှိတော့တဲ့ မြေးမလေးအတွက် ဘတ်စကတ်ဘောလုံး အဟောင်းတစ်လုံး ယူလာပြီး ထိပ်ပိုင်က ဖြတ်ကာ သူမရဲ့ အောက်ပိုင်းမှာ တပ်ဆင်ပေးပြီး ခုံဖိနပ်ကိုအားပြုကာ ဘောလုံးစွပ်ခန္ဓာကိုယ်ကို ထိန်းရင်း လမ်းလျှောက်တတ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။
 
 
၂၀၀၅ ခုနှစ်မှာတော့ သူမကို ဘတ်စကတ်ဘောလုံးလေးနဲ့ လမ်းလျှောက်သွားနေတဲ့ ကောင်မလေးအဖြစ် ဒေသခံတွေကြားမှာ အထူးအဆန်းဖြစ်ပြီး လူသိများလာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ နိုင်ငံတစ်ကာကပါ သူမကို သိရှိသွားတဲ့အတွက် လူတွေ စိတ်ဝင်စားခြင်းခံခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် သူမအတွက် ခြေတုကို လှူဒါန်းသူရှိလာခဲ့ပြီး မြို့တော်ပေကျင်းထိ သွားရောက် တပ်ဆင်ခဲ့ပါတယ်။
 
 
၂၀၀၇ ခုနှစ်မှာတော့ မသန်မစွမ်းရေကူး ကလပ်အသင်းဝင်ဖြစ်ခဲ့ပြီး စတင်ရေကူး လေ့ကျင့်ခဲ့ပါတယ်။ ပထမတော့ အောက်ပိုင်းလုံးဝမရှိတဲ့ သူမအတွက် ရေထဲမှာ ခေါင်းဖေါ်ပြီးနေနိုင်အောင် ကြိုးစားရတာ မလွယ်ကူခဲ့ပါဘူး။
 
 
သို့သော်လည်း ပါရာဂိမ်းပြိုင်ပွဲကြောင့် သူမစိတ်ခွန်အားတွေရခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ တရုပ်နိုင်ငံရဲ့ အကြောမသန်သူများ ရေးကူးပြိုင်ပွဲမှာ ချံပီယံ ဖြစ်လာခဲ့ပါတယ်။
 
 
 
ဆက်လက်လေ့ကျင့် ကြိုးစားရင် ရွှေဆုကို ရရယူနိုင်ခဲ့ပြီး အခုနောက်ဆုံး ၂၀၁၆ ခုနှစ် ရီရိုအိုလံပစ်ပြိုင်ပွဲဝင် အကြောမသန် ရေကူးအားကစားသမားတစ်ဦး အဖြစ်တက်လှမ်းနိုင်ခဲ့ပါတယ်။ ချန်းဟာ ဖိုင်နယ်ပွဲစဉ်မှာ အနိုင်မရရှိခဲ့ပေမယ့် အိုလံပစ်ပြိုင်ပွဲကြီးထိ ရောက်လာတဲ့ သူမဟာ ဆုလာဘ်ကြီးတစ်ခု ရလိုက်သလို ကျေနပ်ခဲ့ပါတယ်။ သူမရဲ့ ကြိုးစားယှဉ်ပြိုင်မှုကို ဗီဒီယိုတွင် တွေ့မြင်ကြရမှာဖြစ်ပါတယ်။ 
 
 
 
 
မွေးရာပါ မသန်စွမ်းတာမဟုတ်ပဲ ငယ်ငယ်က ကြုံခဲ့ရတဲ့ အဖြစ်ဆိုးကြောင့် မသန်မစွမ်းဖြစ်ခဲ့ရသူ၊ ဆင်းရဲနုံချာလွန်းလို့ ခြေတုတောင် မတပ်ဆင်နိုင်ခဲ့သူ အမျိုးသမီးလေးတစ်ဦးရဲ့ စိတ်ဓါတ်ခွန်အားက အားကျအတုယူစရာ ကောင်းပါတယ်။ ဒုက္ခတွေ စိတ်သောကတွေကြုံတိုင်း “ချန်း” အကြောင်း တွေးရင်း စိတ်ခွန်အားတွေ ပြန်လည်ရကြပါစေ..။
 


Follow us on