1. Home
  2. Special or Others

မျက်မမြင်စိတ်ဝေဒနာသည်တစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်နဲ့ မှားယွင်းပစ်သတ်

Special or Others ม.ค. 20, 2560 view 1,634
ကယ်လီဖိုးနီယားပြည်နယ် ဖွန်တားနားမြို့ ရှယ်ဘရွန်ဓါတ်ဆီဆိုင်ရှိ စတိုးဆိုင်တစ်ခုမှ သူခိုးဝင်သည်ဟူသည့် သတင်းပေးချက်အရ ရဲအဖွဲ့ ရောက်ရှိလာခဲ့ရာ ဆိုင်ထဲတွင် အသက် ၄၇ နှစ်အရွယ် မစ္စတာဟောလ် ဆိုသူအမျိုးသားတစ်ဦးကို တွေ့ခဲ့ရပြီး ရဲတပ်ဖွဲ့က အဖမ်းခံရန် ညွှန်ကြားခဲ့သော်လည်း မစ္စတာဟောလ်မှာ စတိုးဆိုင်အတွင်း ဟိုပြေးသည်ပြေး လျှောက်ပြေးနေသည့်အတွက် နောက်ဆုံးတွင် ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ဖမ်းရာ သေဆုံးသွားခဲ့သည်။
 
ရဲမှတ်တမ်းများအရ မစ္စတာဟောလ် ဆိုသူရဲ့ လက်ထဲမှာ ဓါးကိုင်ထားပြီး စတိုးဆိုင်အတွင်း သောင်းကျန်းနေပြီးနောက် သူတို့ဆီကို ပေးလာသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့က ဖြစ်ပျက်ခဲ့သော အဆိုပါအဖြစ်အပျက်ကို မစ္စတာဟောလ်၏ မိသားစုဝင်များက ကျေနပ်ခြင်းမရှိသဖြင့် ဖြစ်ပျက်ခဲ့သည့် CCTV ကို လူထုသိရှိရန် အွန်လိုင်းတွင် ဝေမျှခဲ့သည်။ မစ္စတာဟောလ်မှာ မျက်စိလုံးဝ ကွယ်နေသူဖြစ်သကဲ့သို့ စိတ်ကစဉ့်ကလျားဝေဒနာ ခံစားနေရသော စိတ်ဝေဒနာရှင် ဖြစ်ပြီး ဗီဒီယိုပုံရိပ်များအရ သူ၏လက်ထဲတွင် ဓါးကိုင်ထားခြင်း ရှိ၊ မရှိ မသေချာကြောင်းတွေ့ရခဲ့သည်။
 
မစ္စတာဟောလ်၏ မိသားစုရှေ့နေက ရဲတွေစွဲချက်တင်ခဲ့သည့် ဗီဒီတွင် လိမ်လည်မှုများပါခဲ့ပြီး ဒီအဖြစ်အပျက်ဟာ ကွပ်မျက်ခံရတာနဲ့ တူပါတယ်ဟု ဆိုခဲ့သည်။ ဥပဒေအရာရှိများက ရဲ ၁၂ ဦး၏ နာမည်များကို ဖော်ထုတ်ခဲ့ပြီး အခုလိုအပြုမူမျိုးဟာ ဆင်ခြင်တုံတရားခေါင်းပါပြီး ကိုယ်ချင်းစာတရားမဲ့ကာ အခြေခံဥပဒေတွေကိုလည်း အရေးမစိုက်ရာရောက်ကြောင်း ပြောကြားခဲ့သည်။
 


Follow us on