1. Home
  2. Special or Others

ရည်းစားကို စိတ်နာလို့ ဟမ်စတာလေးကို အိမ်သာကန်ထဲ ပစ်ချခဲ့သူ

Special or Others ม.ค. 20, 2560 view 1,589
ဇန်နဝါရီ ၁၈ ရက်နေ့က တွတ်တာလူမှုကွန်ယက်မှာ တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုကြောင့် တိရိစ္ဆာန်ချစ်သူတွေကြား ဝေဖန်ပြစ်တင်မှုတွေနဲ့ ပွက်လောရိုက်သွားခဲ့ပါတယ်။ “Alfi” ဆိုတဲ့ အကောင့်ပိုင်ရှင် တင်ခဲ့တဲ့ ဗီဒီယိုမှာ ဟမ်စတာလေးတစ်ကောင်ကို လှောင်အိမ်ထဲကနေ ထုတ်ယူပြီး အိမ်သာအိုးထဲထည့်ကာ ရေဆွဲချခဲ့တာဖြစ်ပါတယ်။
 
ဟမ်စတာလေးဟာ သူ့ရဲ့ရည်းစား လီဆာက သူကိုလက်ဆောင်ပေးထားတာဖြစ်ပြီး လီဆာက သူ့ကိုလိမ်ညာခဲ့တဲ့အတွက် အခုလိုလုပ်တာလို့ ရေးသားခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုကို အကြိမ်ပေါင်း ၄၁,၀၀၀ လောက် ပြန်လည်မျှဝေခဲ့ပြီး ၄၆,၀၀၀ လောက်လိုက်ခ် လုပ်ခဲ့ကြပါတယ်။ 
 


Follow us on