1. Home
  2. Movie Stars - Celebrity

အချစ်နဲ့ပက်သက်ရင် နာမည်ကြီးထမင်းငတ်ပါလို့ ဖွင့်ပြောလာတဲ့ နန်းခင်ဇေယျာ

Movie Stars - Celebrity ม.ค. 23, 2560 view 1,615
အလှမယ်ပြိုင်ပွဲတွေကနေတစ်ဆင့် အနုပညာလောကထဲ ခြေချခဲ့ပြီး ပရိသတ်အခိုင်မာ ရရှိနေတဲ့ နန်းခင်ဇေယျာတစ်ယောက် အသည်းကွဲခဲ့ပြီးမှ အချစ်ရဲ့တန်ဖိုးကို နားလည်လာတယ်လို့ ဆိုပါတယ်။
 
 
ချစ်သူနဲ့ လမ်းခွဲခဲ့ပြီးနောက်ပိုင်း လွပ်လွပ်လပ်လပ် တစ်ယောက်တည်းနေလာခဲ့ပေမယ့် အဲလိုမျိုးက တစ်ခါတစ်လေ အထီးကျန်သလို ခံစားရတဲ့အတွက် သဘောမကျဘူးလို့ ဆိုပါတယ်။
 
 
ဒါကြောင့် ရည်းစားထားဖို့ အစီစဉ်ရှိပါတယ်။ ဒါပေမယ့် တစ်ချို့က မင်းသမီးဆိုရင် ကြိုက်မယ့်လူတွေ ဝိုင်းနေမှာပဲလို့ ထင်နေကြပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ နာမည်ကြီးထမင်းငတ်ဆိုသလို ဖြစ်နေပါတယ်တဲ့။
 
 
ပရဟိတလုပ်ငန်းတွေမှာလည်း ရှေ့တန်းက တက်တက်ကြွကြွပါဝင်လှုပ်ရှားသူလေးက မျိုးဆက်သစ်ထားခဲ့ချင်တာကြောင့် အိမ်ထောင်ပြုမှာပါလို့ ဆိုပါတယ်။ 
 
 
သူရဲ့ အိမ်ထောင်ဖက်ဟာ ဘယ်လိုလူမျိုးဖြစ်မယ်ဆိုတာမသိသေးပေမယ့် ခုတွေ့၊ ခုကြိုက်၊ ချက်ချင်းယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
 
Source:Oasis
 


Follow us on