1. Home
  2. Movie Stars - Celebrity

မျိုးကိုကိုစန်းကို သွားဖမ်းပေးပါလို့ တိုင်ခဲ့တာ မဟုတ်တဲ့အတွက် ကစ်ဘာမှ လုပ်ပေးလို့မရဘူးလို့ ပြောလာတဲ့ ဝတ်မှုံရွှေရည်

Movie Stars - Celebrity ม.ค. 23, 2560 view 1,658
အနုပညာသမားတွေအပေါ် ဟုတ်တာရော၊ မဟုတ်တာတွေရောကို ဝေဖန်ထောက်ပြနေတာမဟုတ်ပဲ ရည်ရွယ်ချက်ရှိရှိ အပုတ်ချစော်ကားနေတဲ့ Cele Cele Small လူမှုကွန်ယက်စာမျက်နှာရဲ့ Admin ကို တရားစွဲဖို့ ဝတ်မှုံရွှေရည်ရဲ့ မိဘများက စီစဉ်ခဲ့တာလို့ သိရပါတယ်။ သူ့တစ်ယာက်ထဲအတွက်ဆိုရင် ဂရုစိုက်စရာမလိုပေမယ့် မိသားစုအသိုင်းဝိုင်းအတွက် အမှားတွေကို အမှန်လို့ ထင်သွားမှာ စိုးတဲ့အတွက် ဇန်နဝါရီ ၁၅ ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သရုပ်ဆောင် ဝတ်မှုံရွှေရည်က ပြောကြားခဲ့ပါတယ်။
 
Cele Cele Small ရဲ့ Admin ကို ဖမ်းဆီးဖို့တိုင်ကြားခဲ့တာဖြစ်ပြီး မိန်မလျာအလှမယ် မျိုးကိုကိုစန်းကို ဖမ်းဆီးခဲ့တာ သူမအနေနဲ့ မသိရှိခဲ့ကြောင်း၊ အွန်လိုင်းမှာ သတင်းများပျံ့နှံ့လာမှသာ သိရှိခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။ မျိုးကိုကိုစန်းကို ဖမ်းဆီးဖို့ တိုက်ရိုက်တိုင်ကြားခဲ့တာ မဟုတ်တဲ့အတွက် ရဲတပ်ဖွဲ့၏ တာဝန်အရ ခေါ်ယူထိန်းသိမ်းခြင်းခံရမှုအပေါ် သူမအနေနဲ့ သူ့အမျိုးအရင်းကြီး ဖြစ်နေရင်တောင် ဘာမှလုပ်ပေးလို့ မရကြောင်း ပြောဆိုခဲ့ပါတယ်။ 
 
အပြစ်မရှိသောကြောင့် ဥပဒေပုဒ်မ ၆၆(ဃ)မှ ပြန်လည် လွတ်မြောက်လာသော မျိုးကိုကိုစန်းက ဇန်နဝါရီ ၂၃ ရက်နေ့ (ယနေ့) နံနက် ၁၁ နာရီတွင် ဗိုလ်တစ်ထောင်မြို့နယ်ရှိ Orchid Hotel တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲ အပြီးမှာတော့ မျိုးကိုကိုစန်း၏ မိခင်ဖြစ်သူက အမှုမခိုင်လုံပဲ ဖမ်းဆီးစစ်ဆေးခံရမှုနှင့် ပတ်သက်၍ နစ်နာအောင် ပြုလုပ်ခဲ့သူက နိုင်ငံပိုင်သတင်းစာတွင် တစ်ပတ်အတွင်း တောင်းပန်စာ ဖော်ပြရမည်ဟု ပြောကြားခဲ့သည်။
 
နစ်နာအောင် ပြုလုပ်ခဲ့သူမှာ သရုပ်ဆောင် ဝတ်မှုန်ရွှေရည် သို့မဟုတ် ရဲတပ်ဖွဲ့ သို့မဟုတ် မည်သူ ဖြစ်ကြောင်းကို မီဒီယာများက မေးမြန်းခဲ့သောလည်း ဖြေကြားခြင်း မရှိခဲ့ကြောင်း သတင်းရရှိသည်။
ဝတ်မှုံရွှေရည်၊ မျိုးကိုကိုစန်း နှစ်ဦးနှစ်ဖက်စလုံးက ဖြေကြားရှင်းလင်းထားတဲ့ ဗီဒီယိုကိုကြည့်ရှုရင်း ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရဦးမည်ပေါ့...။
 
 

 
VideoCredit:Popular,MyanmarCelebrity


Follow us on