1. Home
  2. Myanmar News

အမြန်လမ်း လူ(၈)ဦး မီးလောင်သေဆုံးမှုမှ လွတ်မြောက်လာသူ အဖြစ်မှန်ကို ဝန်ခံပြီ

Myanmar News ม.ค. 23, 2560 view 1,670

အမြန်လမ်းပေါ်က ကားမီးလောင်ပြီးလူ(၈)ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်မှာ အသက်ရှင် ကျန်ရစ်သူအမျိုးသားကအခင်းဖြစ်ပွားစဉ် ယာဉ်ကိုမောင်းနှင်ခဲ့ကြောင်းစစ်ဆေး ပေါ်ပေါက်ခဲ့တယ်လို့သိရပါတယ်။

၃၉ မိုင်နားနေစခန်းထွက်ကတည်းက ကားကိုယာဉ်မောင်း ကိုအောင်ခန့် မောင်းလာကြောင်း၊ ကားမှာ အခင်းဖြစ်နေရာအရောက်တွင် ဘယ်ရှေ့တာယာပွင့်၊ ဘယ်ဘက်သို့ ဆွဲသွားပြီး အလူမီနီယမ်တန်းအုတ်ခုံနှင့် တိုက်မိစဉ် ရှေ့ခေါင်းဘယ်ခြမ်း အတွင်းသို့ ကျွံဝင်သဖြင့် ကိုဝင်းထွန်း ခြေထောက် ၂ ဖက်လုံးညပ်နေခဲ့ကြောင်း၊ ကိုအောင်ခန့်မှာ ညာဘက်တံခါးဖွင့်ထွက်ပြီး ကိုဝင်းထွန်းဘက်မှ တံခါးကိုသွားဖွင့်ပြီး ဆွဲထုတ်ရာ ခြေထောက်ညပ်ပြီး ထုတ်မရသဖြင့် ကိုဝင်းထွန်းမှ သူ့ကိုမထုတ်ပဲ နောက်ခန်းမှလူများ ကိုကယ်ရန် ပြောရာ နောက်ခန်း ဘယ်တံခါးမှာ တန်းများနှင့်တိုက်မိသောအရှိန်ဖြင့် လုံးဝဖွင့်မရကြောင်း၊ ၎င်းအချိန်တွင်ကားအတွင်းမှ မီးခိုးများအရမ်းထွက်လာနေပြီ ဖြစ်သဖြင့် အနီးသို့ရောက်လာသူများက သူ့အားနောက် ဆုတ်ရန်ပြောစဉ် ပေါက်ကွဲမှု ဖြစ်ပွားကြောင်း ရဲစခန်းမှ ကနဦးစစ်ဆေးချက်များအရ မိသားစုထံရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ကနဦး စစ်ဆေးမှုမှာ အသက်ရှင်ကျန်ခဲ့သူ အမျိုးသားက ယာဉ်ကို မီးလောင်ရာမှာ သေဆုံးသွားသူ တစ်ဦးမောင်းနှင်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ရဲစခန်းကဆက်လက်စစ်ဆေးရာမှာတော့ ကိုယ်တိုင်မောင်းနှင်ခဲ့ကြောင်း ၀န်ခံထွက်ဆို ခဲ့တာဖြစ်ပါတယ်။

လက်ရှိ အသက်ရှင်ကျန်ရစ်သူ အမျိုးသားကို ပုဒ်မ(၃)ခုနဲ့အမှုဖွင့် အရေးယူထားတယ်လို့ (၁၁)မိုင်အမြန်လမ်း ရဲစခန်း၊ စခန်းမှူး၊ ရဲအုပ်အောင်သိန်းဦးက
ပြောပါတယ်။

အခုလ(၂၂)ရက် ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ပုဂံဘုရားဖူးပြန်လာတဲ့ အန်စာတုံးယာဉ်တစ်စီးလမ်းဘယ်ဘက်ခြမ်းနဲ့တိုက်မိ မီးလောင်ကာ လူ(၈)ဦးသေဆုံးခဲ့ပြီး တစ်ဦးအသက်ရှင်ကျန်ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်အပြီးမှာတော့ သေဆုံးသူတွေရဲ့ မိသားစုဝင်တချို့က ဒီကားမီးလောင်မှုဟာ သမရိုးကျဖြစ်ပွားခဲ့တာဟုတ်မဟုတ် သံသယရှိနေကြတာဖြစ်ပါတယ်။

Source: 5 Plus News,Zaw Win Khaing



Follow us on