1. Home
  2. Myanmar News

နိုင်ငံတော်အတိုင်ပင်ခံရုံးက ချီးကျုးဂုဏ်ပြုထိုက်သူအဖြစ်ရွေးချယ်ခဲ့သူ

Myanmar News ม.ค. 24, 2560 view 1,602

စိတ်ကြွရူးသွပ်ဆေးပြား ၁၄သန်းဖမ်းမိအောင် တောထဲမှာရက်ပေါင်း၈ရက်တိုင် ကျောက်ကွင်းအလုပ်သမား ဟန်ဆောင်ပြီး ရဲတပ်ဖွဲကိုအကူညီပေးခဲ့တဲ့ ပန်းတောင်းမြို့နယ်ဥသျစ်ပင်မြို့နယ်က ကိုရာဇာဟိန်းကို နိုင်ငံတော်အတိုင်ပင်ခံရုံးက ၂၀၁၆ခုနှစ်ဒီဇင်ဘာလအတွက်ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ်ရွေးချယ်ခဲ့ပါတယ်။ အသက်(၃၅)နှစ်အရွယ် ကိုရာဇာဟိန်းဟာ ဆိုင်ကယ်ပြင်လုပ်သားတစ်ဦးဖြစ်ပြီး တောအတွင်းဆီသယ်ယာဉ်တစ်စီးကို မူးယစ်ဆေးဝါးနဲ့ဆက်နွယ်တယ်လို့ သံသယရှိခဲ့တာကြောင့် ဆွေမျိုးတော်စပ်တဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်စိုးဦး သူက စတင်အကြောင်းကြားခဲ့ပါတယ်။ ကိုရာဇာဟိန်းဟာ ဆီသယ်ယာဉ်ရှိရာနေအိမ်နဲ့ယာဉ်မောင်းရဲ့နေအိမ်အနီးမှာ ကျောက်ကွင်းအလုပ်သမားဟန်ဆောင်ကာ(၂၀၁၆) ဒီဇင်ဘာလ၂ရက်နေ့ ကနေ ၁၀ရက်နေ့အထိအနီးကပ်စောင့်ကြည့်ခဲ့ပါတယ်။

သည်လိုစောင့်ကြည့်ပြီးသတင်းပေးပို့မှုကြောင့် ဒီဇင်ဘာလ (၁၀)ရက်နေ့ မနက်၎နာရီအချိန်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄သန်းတင်ဆောင်လာတဲ့ ၆ဘီးယာဉ်တစ်စီးကို ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပါတယ်။ ကိုရာဇာထွန်းဟာ တစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းချက်မပါပဲ ကိုယ်ပိုင်အသိစိတ်ဓာတ်နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ကူညီခဲ့တာကိုနမူနာယူပြီး နိုင်ငံသားတွေကလည်း နိုင်ငံသားကောင်း စိတ်ဓာတ်နဲ့ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲ ဖော်ဆောင်ပေးဖို့ နိုင်ငံသူနိုင်ငံသားတွေက ကူညီပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားပါတယ်။

Credit : kumudranews



Follow us on