
YBS ဘတ်စ်ကားများကို တည်နေရာပြ GPS စနစ်များ ရက်သတ္တပတ် နှစ်ပတ်အတွင်း တပ်ဆင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်အမှတ်(၂)၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ YBS ဘတ်စ်ကား စတင်ချိန်တွင် ပါဝင်ခဲ့သူ ဦးရန်အောင်က ဇန်န၀ါရီ ၂၃ ရက်က ပြောကြားသည်။
ယခုလက်ရှိတွင် ရန်ကုန်မြို့တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်အား ပြောင်းပြီးပါက ဘတ်စ်ကားများကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ယင်းနောက် မော်တော်ယာဉ်များ၏ လုံခြုံရေးစနစ်ကို မြှင့်တင်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။ ထို့နောက် ဘတ်စ်ကားများ၏ ငွေပေးသည့် စနစ်တစ်ခုကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကာ၊ လုပ်ငန်းဆောင်ရွက်ခြင်းများကို သုံးလလျှင်တစ်ခုအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အချိန်သတ်မှတ်ချက်အနေဖြင့် ထိုကဲ့သို့ ဆောင်ရွက်ခြင်းများကို ၂၀၁၇ ခုနှစ်အကုန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု သိရသည်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးရန်အောင်က ပြောကြားသည်။ လက်ရှိတွင် YBS အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းစနစ်တွင် ယာဉ်အစီးရေ ၃၂၀၀ ကျော်လောက် ပြေးဆွဲနေပြီး ပြေးဆွဲနေသည့် ဘတ်စ်ကားများတွင် ဟောင်းနွမ်းယာဉ်များလည်း ပါဝင်နေကာ၊ မော်တော်ယာဉ်အသစ်များဖြင့် အမြန်ဆုံးအစားထိုးရမည့်ယာဉ်ရာခိုင်နှုန်း ၂၀ ခန့်ရှိနေကြောင်း သိရသည်။
Credit : news-eleven
comment