ရုပ်ရှင်ကြည့်ပရိသတ်ကြားမှာ ယခုတစ်လော နာမည်ကြီးလူကြိုက်များနေတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲကတော့ အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့ထိ (ည ၇ နာရီနဲ့ ၈ နာရီကြား) MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသတဲ့ “မနေ့ကဖြစ်သည်” ရုပ်သံဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။
သိုးဆောင်းနဲ့ မယ်ခိုင် ဇာတ်လမ်းရေးသားပြီး ဒါရိုက်တာအောင်မြတ် ပုံဖော်ရိုက်ကူးကာ သရုပ်ဆောင် သူရိယ၊ ဘုန်းရှိန်ထက်၊ သီရိစိုးမိုး တို့နဲ့အတူ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ အေးမြတ်သူနဲ့ ယွန်းယွန်းတို့လည်းပါဝင်ပါတယ်။ အိမ်ကြီးနှစ်အိမ် အကြားက အဟေဋိအရှုပ်အထွေးတွေနဲ့အတူ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်း ဖြစ်လို့ အပတ်စဉ် စောင့်မျှော်ကြည့်ရှုသူတွေ တိုးလာတဲ့ ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။
“မနေ့ကဖြစ်သည်” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲဟာ ဇာတ်လမ်းအရ ဆွဲဆောင်နိုင်တာ တစ်ခုတည်းမဟုတ်ပဲ ဇာတ်ဝင်သီချင်းကလည်း လူကြိုက်များ ရေပန်းစားခဲ့ပါတယ်။ “မနေ့ကဖြစ်သည်” ဇာတ်ဝင်သီချင်းက ဟန်ထူးလွင်(ကျားပေါက်) ကိုယ်တိုင်ရေးစပ် သီဆိုခဲ့တဲ့ သီချင်းဖြစ်ပါတယ်။
ကျားပေါက်ကိုယ်တိုင် သီဆိုသရုပ်ဆောင်ထားတဲ့ “မနေ့ကဖြစ်သည်” MTV မှာလည်း ဘယ်လို ထူးထူးခြားခြားလေးတွေ ရိုက်ကူးတင်ဆက် ထားမလဲဆိုတာ ရှုစားကြည့်ပါဦး..။