ဇန်နဝါရီ ၂၄ ရက်နေ့ နေ့လည်ပိုင်းက မြန်မာ့စက်မှုဆိပ်ကမ်း (Myanmar Industrial Port)တွင် သစ်တောဝန်ထမ်းများနှင့် အကောက်ခွန်ဝန်ထမ်းများ သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ပြည်ပသို့ တင်ပို့မည့် ကွန်တိန်နာ နှစ်လုံးအတွင်း တရားမဝင် ကျွန်းခွဲသားများ အပြည့်ထည့်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ပေ ၂၀ ကွန်တိန်နာပုံအတွင်း အပြည့်ထည့်ထားသည့် ကျွန်းခွဲသား ၂၄ တန်မှာ သစ်တောဦးစီးဌာန၏ စစ်ဆေးချက်မရှိဘဲ ပြည်ပသို့တင်ပို့ရန် Myanmar Industrial Port အတွင်းရောက်ရှိနေသည့်အတွက် သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သစ်တောဦးစီးဌါန၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။