1. Home
  2. Myanmar News

YBS ယာဉ်လိုင်းများတွင် ခါးပိုက်နှိုက်သတိပြုရန် လုပ်အားပေးအဖွဲ့များသတိပေး

Myanmar News ม.ค. 25, 2560 view 1,775

အသစ်ပြောင်းလဲသတ်မှတ် သော YBS စတင်ပြေးဆွဲသည့် နေ့တွင် ယာဉ်လိုင်းအချို့၌ လိုက်ပါစီးနင်းသော ခရီးသည်ယာဉ်လိုင်းမှ ပြေးဆွဲသည့်ကား အစီးရေ မလုံလောက်၍ ခရီးသည်တင်ယာဉ်အများစု ရုံးဆင်း ရုံးတက်ချိန်တွင် တင်ဆောင်နိုင်သည့်ပမာဏထက် ပိုမိုတင်ဆောင်မောင်းနှင်ခဲ့ရကြောင်း ၅၁ လမ်းမှတ်တိုင်၌ လုပ်အားပေးသူတစ်ဦးကပြောသည်။

‘‘အိမ်ပြန်ချိန်မှာ ကားပေါ်မှာ လူတွေအရမ်းများလို့ ခါးပိုက်နှိုက် ခံရမှာစိုးလို့ သတိပေးတာပါ။ ကားအရမ်းကျပ်တော့ ခါးပိုက် နှိုက်ခံရမှာစိုးရိမ်လို့ပါ။ နှစ်ရက် မြောက်လောက်အထိတော့လိုင်း ကားစီးတဲ့သူတွေ အဆင်သိပ်မ ပြေပါဘူး။ နောက်ပိုင်းရက်မှာ တော့အရင်ရက်တွေထက်အဆင် ပြေတာတွေ့ရပါတယ်’’ ဟု၎င်း အမျိုးသားကပြောသည်။

ခါးပိုက်နှိုက်ဖမ်းဆီးရမိမှု သည် ၂၀၁၅ အတွင်းဖြစ်ပွားခဲ့ သည့်အမှု အရေအတွက်ထက် ၂၀၁၆ တွင် သုံးမှုလျော့ကျခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။ ‘‘ဒီလထဲမှာတော့ ခါးပိုက် နှိုက်ခံရလို့လာတိုင်တဲ့အမှုနည်း ပါတယ်။ ကားတွေမှာခါးပိုက်နှိုက် ခံရပြီဆိုတဲ့ သတင်းတွေထွက် တာနဲ့ စီမံချက်တွေချပြီးဖမ်းဆီးမှု တွေ လုပ်နေပါတယ်။ နှစ်တိုင်း နီးပါးလည်း ဖမ်းဆီးအရေးယူမှု တွေ လုပ်ပါတယ်။ မနှစ်ကတော့ ၂၀၁၅ ထက် အမှုတွေ လျော့ကျ သွားပါတယ်’’ဟု ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြော သည်။ ရန်ကုန်တိုင်းဒေသကြီးအ တွင်း YBS ယာဉ်လိုင်းများ ပြောင်းလဲသတ်မှတ်ပြီးနောက် ခါးပိုက် နှိုက်မှုဖြင့် ရဲစခန်းသို့ လာရောက် တိုင်ကြားသည့် အမှုမရှိသေး ကြောင်း ရဲအရာရှိတစ်ဦးက ပြော သည်။

‘‘ဒီရက်ပိုင်းလာပြီးတိုင်တဲ့ အမှုလည်း မရှိပါဘူး။ ခါးပိုက် နှိုက်တဲ့အမှုကလည်း တစ်နှစ်ကို အမှု ၅၀ ကျော်လောက်တော့ မိ တယ်။ ရဲစခန်းမှာအမှုဖွင့်ပြီး လာ တိုင်တဲ့သူတွေ ရှိပါတယ်။ အချို့ ကလည်း အမှုတော့မဖွင့်ဘူး။ ရဲ စခန်းကိုအကြောင်းကြားတယ်။ ဒီလိုမျိုးလေးတွေလည်း ရှိပါတယ်’’ ဟု ၎င်းရဲအရာရှိက ပြောသည်။

 မော်တော်ယာဉ်ပေါ်တွင်ခါး ပိုက်နှိုက်မှု ဖြစ်ပွားသည့် အများ ဆုံးနေ့ရက်သည် လစာထုတ် သည့်ရက်ဖြစ်ပြီး အချို့ခါးပိုက် နှိုက်များသည် ယာဉ်နောက်လိုက် အချို့နှင့် သိကျွမ်းသူများဖြစ် ကြောင်း ရန်ကင်းမြို့နယ်တွင် နေ ထိုင်သူ ကိုထွန်းလင်းကပြော သည်။ ရန်ကုန်တိုင်းအတွင်း ၂၀၁၅ တွင် ခါးပိုက်နှိုက်မှု ၅၉ မှုဖြစ်ပွားခဲ့ ပြီး ၂၀၁၆ တွင် ၅၆ မှုသာဖြစ်ပွား ခဲ့ကြောင်းသတင်းထုတ်ပြန်ချက် များအရ သိရသည်။

Credit : 7daydaily



Follow us on